ကွင်းသစ်စီမံကိန်းပြီးစီးပါက မီလန်အခြေစိုက်အသင်းများ ဆန်စီရိုကွင်းကို ယခင်အတိုင်းဆက်လက်အသုံးပြုမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
484765652
ဆန်စီရိုကွင်းအတွင်း လေ့ကျင့်ခန်းဆင်းနေသည့် အင်တာမီလန်အသင်းသားများ

အင်တာမီလန်ဥက္ကဋ္ဌဟောင်းမိုရက်တီက အသစ်ပြန်လည်ပြုပြင်မည့် ဆန်စီရိုကွင်းအားပြင်ဆင်ပြီးချိန်တွင်လည်း  မီလန်အခြေစိုက်အသင်း ၂ သင်းအနေဖြင့် လက်ရှိအခြေအနေအတိုင်းဆက်လက်ခွဲဝေအသုံးပြုသွားမည်ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

အင်တာမီလန်အသင်းဥက္ကဋ္ဌသစ်ဖြစ်သူ အဲရစ်သိုဟာမှာ အိမ်ကွင်းဆန်စီရိုအား အကြီးစားပြင်ဆင်မှုများပြုလုပ်ရန်ဆန္ဒရှိနေခဲ့ပြီး ပေါင်သန်း ၁၅၀ အထိကုန်ကျဖွယ်ရှိနေသည့် ပြင်ဆင်ရေးစီမံကိန်းအတွက် စပွန်ဆာအကူအညီများ ရှာဖွေလျက်ရှိနေသည်။

“ခါးသီးတဲ့မြို့ခံပြိုင်ဘက်အသင်းတွေဖြစ်ပေမယ့် ကွင်းသစ်စီမံကိန်းအတွက် ညှိနှိုင်းမှုတွေပြုလုပ်နေပါပြီ။ ကုန်ကျစရိတ်တွေအတွက် သဘောတူညီမှုရရှိခဲ့တယ်ဆိုပေမယ့် စပွန်ဆာထောက်ပံ့မှုတွေလိုအပ်နေဆဲလို့ သိထားပါတယ်။ ဒါပေမဲ့ မီလန်ကိုယ်စားပြုအသင်း၂ သင်းအနေနဲ့ ကွင်းသစ်မံကိန်းပြီးစီးခဲ့ရင်လည်း အခုအတိုင်းပဲ အိမ်ကွင်းအဖြစ်ခွဲဝေအသုံးပြုဖို့များပါတယ် ” ဟု မိုရက်တီက ဆိုသည်။

အေစီမီလန်အသင်းအနေဖြင့် ဆန်စီရိုကွင်းအား ၁၉၂၆ မှ လက်ရှိအချိန်အထိ အသုံးပြုနေခြင်းဖြစ်ပြီး အင်တာမီလန်အသင်းကမူ ၁၉၄၇ မှ လက်ရှိအချိန်အထိ ငှားရမ်းအသုံးပြုလျက်ရှိသည်။

comments

error: Content is protected !!