ကစားသမားများကို အလွဲသုံးစားလုပ်ခဲ့သည့် ပါးမားဥက္ကဋ္ဌဟောင်း ဘောလုံးလောကမှ ၅ နှစ် ပယ်ခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
463183504
၂၀၁၄ ခုနှစ်အတွင်းက သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် မာနန်တီ

အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီတွင် စီးရီးအေပြိုင်ပွဲ၌ ဒေ၀ါလီခံခဲ့သည့် ပါးမားအသင်း၏ ဥက္ကဋ္ဌဖြစ်သူ မာနန်တီအား ကစားသမားများကို လစာငွေပေးချေမှုမရှိခဲ့သည့်အတွက် ဘောလုံးလောကနှင့် ၅ နှစ် မပတ်သက်ရန် ပြစ်ဒဏ်ချမှတ်ကြောင်း အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ မာနန်တီသည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီတွင် အသင်းသားများကို လစာငွေပေးချေရန်ပျက်ကွက်ခဲ့ခြင်း၊ ငွေမည်းခ၀ါချမှုများပြုလုပ်ခဲ့ခြင်းနှင့် ငွေကြေးအလွဲသုံးစားမှုများပြုလုပ်ခဲ့သည့်အတွက် ၂၀၁၅ မတ်လအတွင်းက ရဲတပ်ဖွဲ့၏ စစ်ဆေးထိန်းသိမ်းခြင်းခံခဲ့ရသူဖြစ်သည်။

ပါးမားအသင်းဥက္ကဋ္ဌဟောင်း နန်တီသည် အသင်းပရိသတ်များနှင့် အသင်းသားများကို အလွဲသုံးစားပြုလုပ်ခဲ့သည့်အတွက် အသင်းပရိသတ်များ၏ ဝေဖန်ပြစ်တင်ခြင်းခံခဲ့ရသည့်အပြင် ရာထူးမှထုတ်ပယ်ခံရပြီး လက်ရှိအသင်းဥက္ကဋ္ဌနီဗီယိုက အခြေအနေအချို့အားထိန်းသိမ်းခဲ့ရသည်။

ထို့ပြင် မာနန်တီအနေဖြင့် ဥပဒေအရပိတ်ပင်ထားသည့် တရားမ၀င်လုပ်ငန်းများလုပ်ကိုင်လျက်ရှိကြောင်း တွေ့ရှိခဲ့ရမှုအတွက် တရားရုံးတွင် အမှုရင်ဆိုင်နေရသူလည်းဖြစ်သည်။ အီတလီမီဒီယာများ၏ ဖော်ပြချက်တွင် စီးပွားရေးကျဆုံးမှုများကြောင့် ဒေ၀ါလီခံခဲ့ရသည့် မာနန်တီသည် အကြွေးဝယ်ကတ်အတုများပင် အသုံးပြုလျက်ရှိကြောင်း သိရသည်။

comments

error: Content is protected !!