မိုချန်ဂလာဘတ်နှင့်ပွဲကို မန်စီးတီးအသင်းမှ ကစားသမား(၆)ဦးလွဲမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
MOENCHENGLADBACH, GERMANY - SEPTEMBER 29:  Head coach Manuel Pellegrini is seen next to Kevin de Bruyne during a Manchester City press conference on the eve of the UEFA Champions League groupe D match against Borussia Moenchengladbach at Borussia-Park on September 29, 2015 in Moenchengladbach, Germany.  (Photo by Lars Baron/Bongarts/Getty Images)
ချန်ပီယံလိဂ် ပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် နည်းပြပယ်လီဂရီနှင့် ဒီဘရူနီအား တွေ့ရစဉ်။

ယနေ့ညတွင် မိုချန်ဂလာဘတ် အသင်းနှင့် ယှဉ်ပြိုင်ကစား ရမည့်ပွဲစဉ်တွင် မန်စီးတီး အသင်းမှ အားထားရ သည့်ကစားသမား (၆)ဦးလွဲချော်မည် ဖြစ်ကြောင်းသိရသည်။

အသင်းခေါင်းဆောင် နောက်ခံလူ ကွန်ပနီမှာ ခြေသလုံးကြွက်သားဒဏ်ရာရရှိနေသလို ဘယ်နောက်ခံလူ ကလစ်ချီ၊ ကွင်းလယ်ကစားသမား ဒဲလ်၊ မန်ဂါလာနှင့် နာဆရီအပြင် တိုက်စစ်မှူး ဘိုနေးတို့မှာ ဒဏ်ရာအသီး သီးရရှိထားသဖြင့် ယခုပွဲစဉ်ကို လွဲချော်ကြမည်ဟု သိရသည်။

ကွင်းလယ်ကစားသမားယာယာတိုရေးနှင့် ဒေးဗစ်ဆေးလ်ဗားတို့မှာဒဏ်ရာပြန်လည် ကောင်းမွန်လာသဖြင့်အင်္ဂါနေ့က လေ့ ကျင့်ခန်း ဆင်းနိုင်ခဲ့ကြောင်း သိရသည်။

အသင်းမှအဓိက ကစားသမား အချို့ဒဏ်ရာကြောင့် လွဲမည်နှင့် ပတ်သက်ပြီး ပယ်လီဂရီနီက “ကွန်ပနီက ဒဏ်ရာပြဿနာရှိထားတဲ့အတွက် ဒီပွဲကိုလွဲပါမယ်။ ဒါ့အပြင် ရှေ့တစ်ပတ်မှာ ကစားမယ့် ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းပွဲစဉ် မှာပါသူ ၀င်ရောက်ကစားဖို့ ခက်ခဲနိုင်မယ်လို့ မိမိထင်မြင်မိတယ်” ဟုပြောခဲ့သည်။

မန်စီးတီးအသင်းသည် အုပ်စု(ဃ) အဖွင့်ပွဲစဉ်တွင် ဂျူဗင်တပ်အား အရေးနိမ့်ခဲ့ရပြီး ယခုမိုချန်ဂလာဘက်နှင့် ပွဲတွင်အနိုင်ရရန် အရေးတကြီး လိုအပ်နေလျက်ရှိသည်။

မန်စီးတီးအသင်းနှင့်မိုချန်ဂလက်ဘက်တို့သည် ၁၉၇၈-၇၉ယူအီးအက်ဖ်အေ ကွာတားဖိုင်နယ် အဆင့်တွင် တွေ့ဆုံခဲ့ဖူးကာ ထိုစဉ်ကမိုချန်ဂလက်ဘက် အသင်းက မန်စီးတီးအား အနိုင်ယူခဲ့သည့်အပြင် ဗိုလ်စွဲနိုင်ခဲ့ကြောင်းသိရသည်။

ထို့အပြင် လက်ရှိအချိန်ထိ ဥရောပပြိုင်ပွဲများတွင် မိုချန်ဂလက်ဘက်၏ အိမ်ကွင်းတွင် မည်သည့်အင်္ဂလန် ကလပ်အသင်းမဆို နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခြင်းမရှိ ကြောင်းသိရသည်။

comments

error: Content is protected !!