ချန်ပီယံလိဂ်တွင် မန်စီးတီး အောင်မြင်မည်ဟု ပယ်လီဂရီနီ ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490533236
ချန်ပီယံလိဂ်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ပယ်လီဂရီနီ

မန်စီးတီးနည်းပြ ပယ်လီဂရီနီက ၎င်း၏အသင်းမှာ ချန်ပီယံလိဂ်တွင် အောင်မြင်နိုင်သည့်ခြေစွမ်းရှိသောအသင်းဖြစ်ကြောင်း ပြောကြားလိုက်သည်။

မန်စီးတီးအသင်းမှာ ပြီးခဲ့သောနှစ်ပိုင်းများအတွင်း ပရီးမီးယားလိဂ်တွင် အောင်မြင်မှုများရရှိကာ အသင်းကြီးစာရင်းဝင်လာသော်လည်း ဥရောပအဆင့်တွင် အောင်မြင်မှုရရန်ရုန်းကန်နေရဆဲဖြစ်ကာ ယခုရာသီချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတွင်လည်း ဂျူဗင်တပ်ကို အရေးနိမ့်ခဲ့သည်။

ယခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲတွင် မန်စီးတီးအသင်းအောင်မြင်မည်မဟုတ်ဟု အများစုက ယူဆထားသော်လည်း ပယ်လီဂရီနီကမူ ၎င်း၏အသင်းကို သံသယ၀င်သူများ မှားယွင်းသွားစေရမည်ဟု ဆိုသည်။

မိုချန်ဂလာဘတ်နှင့် ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲစဉ်မတိုင်မီ ပယ်လီဂရီနီက”ကျွန်တော်တို့ ဥရောပမှာ အောင်မြင်မှုမရဘူးလို့ မယူဆပါဘူး။ ကျွန်တော့်လက်ထက် ၂ ရာသီမှာ ရှုံးထွက်အဆင့် ၂ ကြိမ်တက်ပြီး ကမ္ဘာ့အကောင်းဆုံး ဘာစီလိုနာကို ရှုံးခဲ့တယ်။ ဘိုင်ယန်မြူးနစ်ကို ၂ ကြိမ် အနိုင်ယူခဲ့တယ်။ ပြီးခဲ့တဲ့ရာသီကဆိုရင် အုပ်စုနောက်ဆုံး ၂ ပွဲမှာ ဘိုင်ယန်နဲ့ ရိုးမားကို အနိုင်ယူခဲ့တော့ ချန်ပီယံလိဂ်မှာ ထိုက်သင့်တဲ့အောင်မြင်မှုရပြီးသားလို့ ယူဆပါတယ်”ဟု ဆိုသည်။

comments

error: Content is protected !!