တံကောက်ကြောဒဏ်ရာကြောင့် ဘာစီလိုနာကွင်းလယ်လူ အင်နီယေစတာ ၂လခန့် နားရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490560444
လေဗာကူဆင်နှင့်ပွဲတွင် ဒဏ်ရာရရှိသွားသည့် အင်နီယေစတာ

ဂျာမနီကလပ်လေဗာကူဆင်အသင်းနှင့်ချန်ပီယံလိဂ်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့သည့် ဘာစီလိုနာကွင်းလယ်ကစားသမား အင်နီယေစတာမှာ ၂ လခန့်အနားယူရဖွယ်ရှိနေကြောင်း သိရှိရသည်။

ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် ရိုးမားအသင်းနှင့် သရေကျခဲ့သည့် ဘာစီလိုနာမှာ လေဗာကူဆင်အသင်းအားအနိုင်ရရှိခဲ့သည့်အတွက် အမှတ်ပေးဇယားအား ဦးဆောင်ခွင့်ရရှိခဲ့သော်လည်း အဓိကကစားသမားများဖြစ်သည့် အင်နီယေစတာ၊ မက်ဆီ၊ ဗာမယ်လန်၊ ရာဖင်ညာတို့ ဒဏ်ရာရရှိနေခဲ့ခြင်းကြောင့် နည်းပြအန်းနရစ်အတွက် အခက်အခဲဆုံးအခြေအနေဖြစ်နေကြောင်း စပိန်မီဒီယာများမှဖော်ပြလျက်ရှိသည်။

အင်နီယေစတာ၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ အသင်းမှတရားဝင်ထုတ်ပြန်ခြင်းမရှိသေးသော်လည်း စပိန်အားကစားမီဒီယာတစ်ခုဖြစ်သည့် AS.com၏ ဖော်ပြချက်တွင်မူ ရက်သတ္တပတ် ၈ ပတ် ခန့် အနားယူရဖွယ်ရှိနေကြောင်း ဖော်ပြခဲ့သည်။

ယင်းအတွက်ကြောင့် အင်နီယေစတာအနေဖြင့် အောက်တိုဘာလအတွင်းယှဉ်ပြိုင်ကစားမည့် နိုင်ငံလက်ရွေးစင်အသင်းပွဲစဉ်များဖြစ်သည့် လူဇင်ဘတ်၊ ယူကရိန်းတို့နှင့် ပွဲစဉ်များကို သေချာပေါက်လွဲချော်တော့မည်ဖြစ်သည်။

comments

error: Content is protected !!