အကောင်းဆုံးချဲလ်ဆီး ပျောက်ဆုံးနေဟု မော်ရင်ညိုဝန်ခံ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490605860
ပေါ်တိုနှင့်ပွဲစဉ်တွင်တွေ့ရသည့် မော်ရင်ညို

အသင်းဟောင်းပေါ်တိုအိမ်ကွင်းတွင် ယခုရာသီ ၅ ပွဲမြောက်အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည့် ချဲလ်ဆီးနည်းပြမော်ရင်ညိုက လက်ရှိအချိန်တွင် အကောင်းဆုံးချဲလ်ဆီးအသင်းမှာ မည်သို့ဖြစ်နေသည်မသိဟု ၀န်ခံပြောကြားလိုက်သည်။

ထို့အပြင်မော်ရင်ညိုက ဖယ်လ်ကာအိုနှင့် ရီမီတို့ကိုအသင်းလူစာရင်းတွင် ထည့်သွင်းခဲ့ခြင်းမရှိဘဲ တိုက်စစ်မှူးစစ်စစ်မပါဝင်ခဲ့သည့်အပေါ် ဝေဖန်မှုများကိုလည်း ပြန်လည်တုံ့ပြန်ခဲ့သည်။

ထို့အပြင် ဟာဇက်နှင့် မာတစ်တို့ကို အရန်အဖြစ်သာ ထားကစားကာ အော်စကာအားချန်လှပ်ခဲ့ခြင်းကိုလည်း ကာကွယ်ခဲ့သော်လည်း မော်ရင်ညိုက ယမန်နှစ်က ပရီးမီယားလိဂ်ချန်ပီယံဖြစ်ခဲ့သည့် ချဲလ်ဆီးကစားပုံအား လိုက်မမီတော့သည်မှာ မှန်ကန်ကြောင်းနှင့် အကောင်းဆုံးပွဲထွက်ကစားသမား ၁၁ ဦးရွေးချယ်ရန် ခက်ခဲနေသည်ဟု ၀န်ခံခဲ့သည်။

“ဘာတွေဖြစ်နေမှန်း မသိပါဘူး။ ခြေစွမ်းတစ်သမတ်တည်းဖြစ်နေမှ နိုင်ပွဲရမှာပါ။ ကျွန်တော့်အသင်းက ခြေစွမ်းပုံသေမရှိတော့ နိုင်ပွဲမရဘူး။ အသင်းနိုင်ပွဲမရရင်တော့ အပြောင်းအလဲလုပ်ရမှာပါပဲ။ ဒီနေ့ပွဲမှာ ကစားပုံတွေကောင်းပေမယ့် မဖြစ်သင့်တဲ့အမှား ၂ ခုကြောင့် ရှုံးခဲ့ရတယ်။ တစ်ခါတရံမှာ အမှားတွေလုပ်မိလို့ အပြစ်ပေးမခံရပေမယ့် ဒီညတော့ ကျွန်တော်တို့ အပြစ်ပေးခံလိုက်ရတယ်။ ဒီနေ့လိုပွဲမျိုးကို သုံးသပ်ဖို့ခက်ပါတယ်။ ရလဒ်မကောင်းတာနဲ့ အသင်းခြေစွမ်းမကောင်းဘူးလို့ ပြောလို့မရပါဘူး။ အမှားကြီး ၂ ခုလုပ်မိလို့ ခံစစ်မကောင်းဘူးလို့ ပြောလို့မရပါဘူး။ ဒီတော့ အသင်းဟန်ချက်ညီအောင် လုပ်ရပါတော့မယ်” ဟု မော်ရင်ညိုက ဆိုခဲ့သည်။

comments

error: Content is protected !!