ချန်ပီယံလိဂ်နောက်တစ်ဆင့်တက်နိုင်မည်ဟု အာစင်ဝင်းဂါးဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490572078
အိုလံပီယာကော့စ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်တွင်တွေ့ရသည့် အာစင်ဝင်းဂါး

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ၎င်း၏အသင်းမှာ ချန်ပီယံလိဂ်အုပ်စုအမှတ်ပေးဇယားတွင် အောက်ဆုံးအဆင့်သို့ရောက်ရှိနေသော်လည်း နောက်တစ်ဆင့်တက်နိုင်မည်ဟု အတိအလင်းပြောကြားလိုက်သည်။

အာဆင်နယ်မှာ အုပ်စုအဆင့် အဖွင့်ပွဲစဉ် ၂ ပွဲတွင် အရေးနိမ့်ခဲ့ပြီးနောက် တတိယပွဲစဉ်အဖြစ် ဂျာမန်ချန်ပီယံဘိုင်ယန်မြူးနစ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

“ဒီပွဲအရှုံးကြောင့် အခြေအနေဆိုးသွားပေမယ့် အုပ်စုက တက်မှာပါ။ ဘိုင်ယန်နဲ့ပွဲမှာ ရလဒ်ကောင်းဖို့တော့လိုပါတယ်။ ဒိုင်နမိုဇာဂရက်နဲ့ အိုလံပီယာကော့စ်တို့ကို အဝေးကွင်းမှာ ရလဒ်ကောင်းအောင် ကျွန်တော့်အသင်းကစားနိုင်ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ပွဲကစားပုံတွေက ကောင်းမွန်ပေမယ့် ခံစစ်ပိုင်းမှာ လျော့ရဲမှုတွေရှိနေတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၁၅ ရာသီတွင် ချန်ပီယံလိဂ်အုပ်စုအဆင့်မှ နောက်တစ်ဆင့်တက်နိုင်ခဲ့သည့် အာဆင်နယ်အတွက် ယခုကဲ့သို့ချန်ပီယံလိဂ်အဖွင့်ပွဲ ၂ ပွဲဆက်ရှုံးခြင်းမှာ အသင်းသမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။

ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် အဖွင့်ပွဲစဉ် ၂ ပွဲ အရေးနိမ့်သော်လည်း နောက်တစ်ဆင့်တက်နိုင်ခဲ့သည့် နောက်ဆုံးအသင်းမှာ ၂၀၁၂-၁၃ ချန်ပီယံလိဂ်ရာသီက ဂါလာတာစာရေးအသင်းဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ထိုကဲ့သို့စွမ်းဆောင်ထားနိုင်သောအသင်းမှာ စုစုပေါင်း ၉ သင်းသာရှိသည်။

comments

error: Content is protected !!