ဂျာမ နီမြေတွင် အခက် အခဲများနှင့် မန်စီးတီး ရင်ဆိုင်ရ လိမ့်မည်ဟု မိုချန် ဂလာဘတ်တ် ကွင်းလယ်လူ ဇာခါ သတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490496238
ချန်ပီယံလိဂ်ပွဲကြိုသတင်းစာရှင်းလင်းပွဲမှ ဇာခါ

မိုချန်ဂလာ ဘတ် အသင်း၏ ဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ်လူ ဇာခါက ပရီးမီးယား လိဂ် ထိပ်သီး မန်စီးတီး အသင်းသည် ဂျာမနီမြေ တွင် အလွယ် တကူနိုင်ပွဲ ရရှိလိမ့်မည် မဟုတ်ကြောင်းနှင့် အခက် အခဲများ ရင်ဆိုင်တွေ့ ရလိမ့် မည်ဖြစ်ကြောင်း သ တိပေးပြော ကြား ခဲ့ သည်။

ဂျာမနီ ထိပ်သီး မိုချန် ဂလာဘတ် အသင်းသည် ဘွန်ဒက်စ်လီဂါ ရာသီသစ် အစပွဲစဉ် များတွင် နိုင်ပွဲပျောက်ဆုံး ခဲ့ခြင်းကြောင့် နည်းပြ အပြောင်း အလဲပြု လုပ် ခဲ့ပြီးနောက် ဘွန်ဒက်စ် လီဂါ ပွဲစဉ် ၂ ပွဲ ဆက်တိုက်ပြန် လည် အနိုင် ရရှိခဲ့သည်။

“မန်စီးတီး အသင်း ဆိုတာက ပရီးမီးယား လိဂ်ရဲ့ ထိပ်သီး အသင်း တစ်သင်းပါ။ ဒါပေမဲ့ ဂျာမနီမြေ မှာတော့ ရလဒ်ကောင်းရဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ နည်းပြ အပြောင်း အလဲဖြစ်ပြီး အသင်းရဲ့ယုံကြည်မှုက လိဂ်နိုင်ပွဲဆက် မှုနဲ့ အတူ မြင့်တက် လာခဲ့ပါပြီ။ အကောင်းဆုံး ကစား သမားတွေ ပိုင်ဆိုင် ထားတယ် ဆိုပေမယ့် အဝေး ကွင်းမှာ အနိုင်ရဖို့ မန်စီးတီး အသင်းသားတွေ အတွက် အခက်အခဲ အများကြီး ရှိလာမှာပါ” ဟု ဇာခါက ဆိုခဲ့သည်။

ချန်ပီယံလိဂ် အုပ်စု (ဃ) တွင် တစ်အုပ်စု တည်း ကျရောက်ခဲ့သည့် မန်စီးတီး အသင်းနှင့် မိုချန် ဂလာဘတ် အသင်းတို့သည် အုပ်စု အဖွင့်ပွဲစဉ် တွင် ရှုံးပွဲကြုံတွေ့ ခဲ့ကြသည့် အသင်း များဖြစ်သည်။ ဂျာမနီ ကလပ် မိုချန် ဂလာဘတ် အနေဖြင့် အဝေးကွင်းတွင် ဆီဗီလာ အသင်း ၃-၀ ဖြင့် လည်းကောင်း၊ မန်စီးတီးက အိမ်ကွင်း တွင် အီတလီ ချန်ပီံယံ ဂျူဗင်တပ် အသင်းကို ၁-၂ ဖြင့် လည်းကောင်း ရှုံးနိမ့် ခဲ့ကြသည်။

comments

error: Content is protected !!