အသင်းဟန်ချက်ညီစေရန်အတွက် ကစားသမား ၂၅ ဦးကို ထွက်ခွာစေခဲ့ခြင်းဖြစ်ကြောင်း ဗန်ဟားလ်ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489972076
သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ဗန်ဟားလ်

မန်ယူအသင်းနည်းပြဗန်ဟားလ်မှာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် မိုယက်စ်နေရာတွင် အစားထိုးခန့်အပ်ခံခဲ့ရပြီးချိန်မှစ၍ အပြောင်းအရွှေ့အတွက် ပေါင် သန်း ၃၀၀ နီးပါးအသုံးပြုခဲ့သည်။ ထို့နောက် နည်းပြဗန်ဟားလ်မှာ မန်ယူအသင်းကိုပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ခဲ့ပြီး အဆိုပါပြောင်းလဲမှုတွင် ယခုနှစ်နွေရာသီ၌ အဓိက ကစားသမား ၁၅ ဦးထွက်ခွာမှုလည်း ပါဝင်ခဲ့သည်။

မန်ယူမှ ထွက်ခွာသွားသည့် ကစားသမားများအနက် ထိပ်တန်းကစားသမားများဖြစ်သည့် ဗန်ပါစီ၊ ဟာနန်ဒက်ဇ်၊ ဒီမာရီယာ၊ နာနီ၊ ကလီဗာလေ၊ အီဗန်နှင့် ရာဖေးလ်တို့ ပါဝင်ခဲ့ပြီး အခြားလူငယ်ကစားသမား ၇ ဦးကို အငှားကစားသမားများအဖြစ်စေလွှတ်ခဲ့ပြီး ယာနူဇက်နှင့် ဘလက်ကတ်တို့လည်း ပါဝင်ခဲ့သည်။

ဗန်ဟားလ်က ”ပြီးခဲ့တဲ့ဘောလုံးရာသီထက်တော့ အသင်းဟန်ချက်ပိုညီလာပါပြီ။ ကျွန်တော်တို့အတွက် အပတ်စဉ်နိုင်ပွဲတွေရဖို့ လိုအပ်ပါတယ်။ အပတ်စဉ်တိုင်းတော့ ထင်သလိုမဖြစ်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အသင်းကောင်းတစ်သင်းတော့ဖြစ်လာပါပြီ။ အခုထက်ပိုပြီး အလှည့်ကျစနစ်နဲ့ကစားနိုင်ဖို့ လုပ်ဆောင်သွားမှာပါ။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ အသင်းဟန်ချက်မညီခဲ့ပါဘူး။ ကစားသမား ၂၀၊ ၂၅ ယောက်လောက်ကို ထွက်ခွာစေခဲ့ပြီးချိန်မှာတော့ အသင်းသစ်ဖြစ်သွားပါတယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!