အာရှ ယူ-၁၉ ခြေစစ်ပွဲ အောင်လို၍ အိမ်ရှင်ပြုလုပ်ခြင်း ဖြစ်သည်ဟု ဦးဇော်ဇော်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
12063473_605906909548125_3941925550814182837_n
ပထမကြိမ်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ညီလာခံတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ပြောကြားနေစဉ်။

ရန်ကုန်၊စက်တင်ဘာ ၂၉။

အောင်သော်ဖြိုး။

အာရှယူ-၁၉ချန်ပီယံရှစ်ခြေစစ်ပွဲအုပ်စု-ဆပွဲစဉ်များကိုမြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်ကျင်းပခွင့်ရရန်ကြိုးပမ်းခဲ့ခြင်းသည် ခြေစစ်ပွဲ အောင်လိုသောကြောင့် ဖြစ်သည်ဟု  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်ကပထမအကြိမ်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ညီလာခံတွင် ပြောကြားခဲ့သည်။
ခြေစစ်ပွဲ အောင်လို၍ အိမ်ရှင် အဖြစ်ကျင်းပသည်မှာ မှန်သော်လည်း လက်ရှိအချိန်တွင် ယူ-၁၉ အသင်းမှာ ပြင်ဆင်ချိန် အားနည်းခြင်း၊အဓိကကစားသမားနှစ်ဦး ဒဏ်ရာပြဿနာဖြင့်ရင်ဆိုင်နေရသည့်အတွက် ခြေစစ်ပွဲ အောင်နိုင်ရေးသည်နည်းပြ၏ နည်းဗျူဟာပိုင်း နှင့် ပရိသတ် အားပေးမှုပေါ်တွင် မူတည်နေကြောင်း ၎င်းက ထပ်လောင်းရှင်းပြသည်။
မြန်မာ ယူ-၁၉ အသင်းသည် ပြင်ဆင်လေ့ကျင့်ချိန် နည်းခဲ့ပြီး ထိုင်းပွဲနှင့် အပြီး တစ်ပတ်အတွင်း အသင်း တွင် ဒဏ်ရာပြဿနာ များ ရှိနေခဲ့သော်လည်း ထိုင်းနှင့်ပွဲ ခြေစွမ်းထက် ပိုမိုကောင်းမွန်သော အသင်းတစ်သင်းကို မြင်တွေ့ရမည်ဖြစ်ကြောင်းမြန်မာ ယူ-၁၉ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ခ်ျ က ဆိုသည်။
မြန်မာအသင်းအနေဖြင့်အုပ်စုအတွင်းဗီယက်နမ်အသင်းကိုအဓိကထားယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဗီယက်နမ်အ သင်းတွင်အာဆင်နယ်အကယ်ဒမီ မှ ကစားသမားများ ပါဝင်နေပြီး စုဖွဲမှုအားကောင်းသည့် အသင်း တသင်း ဖြစ်သည့်အပြင်ပြီးခဲ့သည့် အာဆီယံ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်တွင်လည်း မြန်မာအသင်းက ဗီယက်နမ်အ သင်းကို ရှုံးနိမ့်ထားခဲ့ဖူးသည်ဟုနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ခ်ျက အုပ်စုတွင်းအဓိက ပြိုင်ဘက်အပေါ်သုံး သပ်သည်။

comments

error: Content is protected !!