နည်းပြသစ်အဖြစ် ကာတာနီယာနည်းပြဟောင်း ဆန်နီနိုအား ကာပီအသင်းခန့်အပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
457246486
ကာတာနီယာနည်းပြအဖြစ်တာဝန်ယူစဉ်ကတွေ့ရသည့် ဆန်နီနို

စီးရီးအေတန်းတက်အသင်းတစ်သင်းဖြစ်သည့် ကာပီအသင်းတာဝန်ရှိသူများသည် လစ်လပ်နေသည့် နည်းပြချုပ်နေရာအတွက် ပါလာမို၊ ချီယေဗို၊ ကာတာနီယာအသင်းများအား တာဝန်ယူကိုင်တွယ်ခဲ့ဖူးသည့် ဆန်နီနိုအား နည်းပြအဖြစ်ခန့်အပ်တာဝန်ပေးအပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုသတင်းထုတ်ပြန်ကြေညာခဲ့သည်။

ကာပီအသင်းသည် ရာသီအစပွဲစဉ်များတွင် နိုင်ပွဲလုံးဝပျောက်ဆုံးခဲ့သည့် နည်းပြကတ်စ်ထရိုနှင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လမ်းခွဲခဲ့ပြီးနောက် ဆန်နီနိုအား ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

နည်းပြသစ်အဖြစ် ဆန်နီနိုအား ခန့်အပ်တာဝန်ပေးခဲ့ပြီဖြစ်ကြောင်း၊ တစ်နှစ်သက်တမ်းရှိ ကာလတိုစာချုပ်ချုပ်ဆိုခဲ့ကြောင်း နှင့် နည်းပြသစ်အနေဖြင့် ပထမဦးဆုံးလေ့ကျင့်ရေးအစီအစဉ်အဖြစ် ကြာသပတေးနေ့တွင်စတင်တာဝန်ယူမည်ဖြစ်ကြောင်း အသင်းက သတင်းထုတ်ပြန်ခဲ့သည်။

တန်းတက်ကာပီအသင်းသည် စီးရီးအေပွဲစဉ် ၆ ပွဲကစားပြီးချိန်၌ ပါလာမို၊ နာပိုလီအသင်းများကို သရေကစားထားနိုင်ခဲ့ပြီး ဆမ်ဒိုးရီးယား၊ အင်တာမီလန်၊ ဖီအိုရင်တီးနား၊ ရိုးမားအသင်းများကို အရေးနိမ့်ခဲ့ခြင်းကြောင်း အမှတ်ပေးဇယားအောက်ဆုံးတွင် ရပ်တည်လျက်ရှိသည်။

comments

error: Content is protected !!