ဘာစီလိုနာကို အရှက်ရဖွယ်အရေးနိမ့်ခဲ့ခြင်းအား မေ့ဖျောက်ကာ အကောင်းဆုံးယှဉ်ပြိုင်မည်ဟု ရူဒီဗောင်လာ ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
484433640
ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲတွင်တွေ့ရသည့် ရူဒီဗောင်လာ

လေဗာကူဆင်အသင်းအားကစားဒါရိုက်တာ ရူဒီဗောင်လာက ၂၀၁၂ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင်ကစားခဲ့သောချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံးထွက်ပွဲတွင် ဘာစီလိုနာကို ၇-၁ ဂိုးဖြင့်အရှက်ရဖွယ်အရေးနိမ့်ခဲ့သည့် အိပ်မက်ဆိုးများကို မေ့ဖျောက်ကာ ယနေ့ညတွင်ကစားမည့်ပွဲ၌ အကောင်းဆုံးယှဉ်ပြိုင်မည်ဟုပြောကြားသွားခဲ့သည်။

လေဗာကူဆင်၏ အရှက်ရဖွယ်ရှုံးပွဲတွင် ၅ ဂိုးသွင်းယူပေးခဲ့သည့် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီမှာ ပြီးခဲ့သည့်စနေနေ့က လက်စ်ပါးမက်စ်နှင့်ကစားခဲ့သော လာလီဂါပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သဖြင့် ယနေ့ညတွင်ကစားမည့်ပွဲကို လွဲချော်မည်ဖြစ်သည်။

မက်ဆီမပါဝင်နိုင်သည့်အပေါ် လေဗာကူဆင်အားကစားဒါရိုက်တာ ရူဒီဗောင်လာက ”အခုပွဲကို မက်ဆီကစားနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က သူနဲ့နောက်တစ်ကြိမ်ဆုံချင်ပါသေးတယ်။ မက်ဆီမပါဝင်နိုင်တာက ဘာစီလိုနာအတွက် ထိခိုက်စရာဖြစ်နေပါတယ်။ ဒါပေမဲ့ ဘာစီလိုနာမှာရှိတဲ့ ပွဲထွက်စာရင်းက ကမ္ဘာ့ထိပ်တန်းကစားသမားတွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ မက်ဆီမပါလည်း အကောင်းဆုံးကစားနိုင်မှာပါ”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!