စီးရီးအေထိပ်သီးအသင်းများက အီတလီလူငယ်များကို အခွင့်အရေးပေးမှုနည်းပါးနေကြောင်း ၀ါရင့်နည်းပြ ပရင်ဒယ်လီဝေဖန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
459624014
ဂါလာတာစာရေးနည်းပြတာဝန်ယူစဉ်ကတွေ့ရသည့် ပရင်ဒယ်လီ

အီတလီလက်ရွေးစင်နည်းပြဟောင်းဖြစ်သူ ပရင်ဒယ်လီက စီးရီးအေထိပ်သီးအသင်းကြီးများအနေဖြင့် အီတလီလူငယ်ကစားသမားအများစုအပေါ် အခွင့်အရေးပေးမှုနည်းပါးကြောင်း၊ ပြည်ပလူငယ်ကစားသမားများကို အသုံးပြုနေခြင်းက လက်ရွေးစင်အသင်းကြီးအတွက် အခက်အခဲများဖြစ်လာနိုင်ကြောင်း ဝေဖန်သုံးသပ်သွားခဲ့သည်။

ဝါရင့်နည်းပြ ပရင်ဒယ်လီသည် အီတလီလူငယ်ကစားသမားများကို အခွင့်အရေးပေးအသုံးပြုရန် အီတလီလက်ရွေးစင်အသင်းအား တာဝန်ယူကိုင်တွယ်ခဲ့စဉ်ကတည်းက စီးရီးအေကလပ်များကို တိုက်တွန်းမှုများပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်အထိ လူငယ်ကစားသမားများအတွက် နေရာပျောက်နေခဲ့ခြင်းကြောင့် ယခုကဲ့သို့ထပ်မံဝေဖန်ခဲ့ခြင်းဖြစ်သည်။

”ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေပျောက်ဆုံးနေခဲ့တဲ့ အဓိကအဖြေက လူငယ်ကစားသမားရှားပါးမှုကြောင့်ပါပဲ။ လက်ရှိအချိန်အထိ ထိပ်သီးအသင်းတွေမှာ အီတလီလူငယ်တွေနေရာမရကြသေးပါဘူး။ ထိပ်သီးအသင်းကြီးတွေအနေနဲ့ လူငယ်ကစားသမားအဖြစ် တခြားနိုင်ငံက လူငယ်တွေကိုနေရာပေးနေကြဆဲပါ။ အထူးသဖြင့် ဆက်ဆူအိုလို၊ တိုရီနိုတို့လို လက်ရွေးစင်အသင်းကြီးကို အကျိုးပြုနိုင်မယ့် လူငယ်ကစားသမားတွေကို နေရာပေးသင့်နေပါပြီ” ဟု နည်းပြပရင်ဒယ်လီက ဝေဖန်ခဲ့သည်။

comments

error: Content is protected !!