နေမာအနေဖြင့် ကစားသမားဘ၀နောက်ဆုံးအချိန်ကို ရီးရဲလ်တွင် ကုန်ဆုံးဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490404192
ချန်ပီယံလိဂ်လေ့ကျင့်ခန်းအစီအစဉ်တွင်တွေ့ရသည့် နေမာ

ဘာစီလိုနာအသင်းမှ ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးနေမာ၏ အေးဂျင့်အဖြစ်ဆောင်ရွက်နေသည့် ၎င်း၏ဖခင်က နေမာအနေဖြင့် ကစားသမားဘ၀နောက်ဆုံးအချိန်ကို စပိန်ထိပ်သီးအသင်းကြီးတစ်သင်းဖြစ်သည့် ရီးရဲလ်အသင်းတွင် ကုန်ဆုံးဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် မန်ယူအသင်းထံပြောင်းရွှေ့ရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ၀န်ခံပြောကြားခဲ့ပြီးနောက် တိုက်စစ်မှူးနေမာအနေဖြင့် ဘာစီလိုနာအသင်းမှ ထွက်ခွာတော့မည့် သတင်းများဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

လာလီဂါကစားသမားအေးဂျင့်တစ်ဦးဖြစ်သူ ရီဘာရီယိုက နေမာ၏ဖခင်ဖြစ်သူအနေနှင့် ၎င်း၏သားဖြစ်သူအား ကစားသမားဘ၀နောက်ဆုံးအချိန်အတွက် ရီးရဲလ်အသင်းကို ရွေးချယ်ရန်အကြံပေးခဲ့ကြောင်း၊ နေမာအနေဖြင့်အချိန်ကာလအနည်းငယ်အတွင်း ဥရောပဘောလုံးလောကမှ ပြောင်းရွှေ့ဖွယ်ရှိနေကြောင်းနှင့် ယင်းကစားသမားဘ၀နောက်ဆုံးအချိန်မှာ ရီးရဲလ်အသင်းနှင့်ကုန်ဆုံးဖွယ်ရှိနေကြောင်း မီဒီယာများထံဖွင့်ဟပြောကြားခဲ့သည်။

နေမာ၏ အပြောင်းအရွှေ့သတင်းထွက်ပေါ်မှုကို ဘာစီလိုနာအသင်းက တစ်စုံတစ်ရာမှတ်ချက်ပြုခြင်းမရှိသော်လည်း စပိန်မီဒီယာအများစုကမူ အပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်ကြောင်း၊ စီနီယာလက်ရွေးစင်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒိုကဲ့သို့ ရီးရဲလ်အသင်းထံပြောင်းရွှေ့မည့် ကစားသမားဖြစ်ကြောင်း ရေးသားဖော်ပြလျက်ရှိသည်။

comments

error: Content is protected !!