အာဆင်နယ်ကို အနိုင်ယူခဲ့သည့် ဒိုင်နမိုဇာဂရက်မှာ စုစည်းမှုကောင်းသည့်အသင်းဟု ဂွါဒီယိုလာ သတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490418680
လေ့ကျင့်ရေးကွင်းတွင် ညွှန်ကြားနေသည့် ဂွါဒီယိုလာ

ဘိုင်ယန်မြူးနစ်နည်းပြဂွါဒီယိုလာက ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ယနေ့ညတွင်ယှဉ်ပြိုင်ကစားရမည့် ပြိုင်ဘက်ဒိုင်နမိုဇာဂရက်အသင်းမှာ စုစည်းမှုကောင်းသည့်အသင်းဖြစ်သောကြောင့် ချန်ပီယံလိဂ်အဖွင့်ပွဲတွင် အာဆင်နယ်အသင်းကို အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းမှာ ယနေ့ညတွင် အိမ်ကွင်းပွဲစဉ်အဖြစ် အိုလံပီယာကို့စ်နှင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်မှာ ဒိုင်နမိုဇာဂရက်နှင့်ကစားရမည်ဖြစ်သောကြောင့် အာဆင်နယ်ကဲ့သို့ရလဒ်ဆိုးမကြုံတွေ့စေရန် အသင်းသားများကို သတိပေးပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

ဂွါဒီယိုလာက ”အခုအချိန်မှာ အရေးအကြီးဆုံးစဉ်းစားရမယ့်အသင်းက ဒိုင်နမိုဇာဂရက်ပါပဲ။ ပုံမှန်အခြေအနေအတိုင်းဆိုရင် ဒိုင်နမိုဇာဂရက်ကို အာဆင်နယ်နိုင်မယ်လို့ ခင်ဗျားတို့ယူဆထားလိမ့်မယ်။ ဒါပေမဲ့ အဲဒီပွဲကို သေချာကြည့်လိုက်ရင် ဒိုင်နမိုဇာဂရက် ဘာကြောင့်အနိုင်ရလဲဆိုတာ ခင်ဗျားတို့ပြတ်ပြတ်သားသား မြင်တွေ့ရမှာပါ။ သူတို့တွေက အရမ်းကိုစည်းလုံးကြပါတယ်။ တကယ့်ကို အားနဲ့မာန်နဲ့ ကစားတတ်တဲ့အသင်းပါ။ နည်းစနစ်ပိုင်းကောင်းတဲ့ ကစားသမားတွေလည်း အများကြီးပါပဲ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သေသေချာချာဂရုစိုက်ပြီးကစားနိုင်ဖို့ လိုအပ်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင် ဖီးလစ်လမ်းကလည်း ဒိုင်နမိုဇာဂရက်ကို အာဆင်နယ်ရှုံးနိမ့်ခဲ့သည့်ပွဲမှာ ၎င်းအတွက် အံ့အားသင့်စရာဖြစ်ခဲ့သည်ဟု ပြောကြားခဲ့ပြီးနောက် အဆိုပါခရိုအေးရှားကလပ်မှာ ခံစစ်ပိုင်းမာကျောသည့်အသင်းဖြစ်သကဲ့သို့ တန်ပြန်တိုက်စစ်ဆင်ရာတွင်လည်း ထူးချွန်ကြောင်း ပြောကြားခဲ့သည်။

comments

error: Content is protected !!