ဝုဖ်ဘတ်နှင့်ကစားမည့်ပွဲအတွက် လေ့ကျင့်ခန်းအစီအစဉ်တွင် ကာရစ်မပါဝင်နိုင်ခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489417346
ဝုဖ်ဘတ်နှင့်ပွဲကို လွဲချော်မည့် ကာရစ်

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ဖြစ် ၀ုဖ်ဘတ်နှင့်ကစားမည့်ပွဲအတွက် လေ့ကျင့်ခန်းအစီအစဉ်တွင် မန်ယူကွင်းလယ်ခံစစ်ကစားသမားတစ်ဦးဖြစ်သူ မိုက်ကယ်ကာရစ်ပါဝင်နိုင်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။

အဆိုပါအင်္ဂလန်ကွင်းလယ်လူမှာ ဆန်းဒါးလန်းနှင့်ကစားခဲ့သည့်ပွဲတွင် ပါဝင်ကစားခဲ့သော်လည်း ယနေ့တွင်ပြုလုပ်ခဲ့သည့် လေ့ကျင့်ခန်းအစီအစဉ်၌ ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ ၎င်းနှင့်အတူ ဗလင်စီယာ၊ ဟာရီရာနှင့် ရိုဟိုတို့လည်း လွဲချော်ခဲ့ကြောင်းသိရသည်။

ဗလင်စီယာမှာ မန်ယူ၏ ရက်သတ္တပတ်နောက်ဆုံးပွဲဖြစ်သော ဆန်းဒါးလန်းနှင့်ပွဲတွင် ပါဝင်ကစားနိုင်ခဲ့သူဖြစ်ပြီး ဟာရီရာမှာ အဆိုပါပွဲတွင် အရန်စာရင်း၌ ပါဝင်ခဲ့ခြင်းမရှိဘဲ ရိုဟိုမှာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသူဖြစ်သည်။

ယင်းလေ့ကျင့်ခန်းအစီအစဉ်တွင် လူငယ်ကစားသမားများဖြစ်သော ဒန်နယ်လပ်ဗ်၊ ဟာပေါ့တို့ပါဝင်ခဲ့ကြောင်းသိရှိရပြီး မန်ယူကွင်းလယ်ကစားသမားရှဝိန်စတိုင်ဂါက လူငယ်ကစားသမားများကို ၎င်းရရှိခဲ့သည့် ချန်ပီယံလိဂ်အတွေ့အကြုံများကိုမျှဝေပေးရန်ဆန္ဒရှိသည်ဟု ပြောကြားခဲ့သောကြောင့် နည်းပြဗန်ဟားလ်အနေဖြင့် ၀ုဖ်ဘတ်နှင့်ပွဲတွင် လူငယ်များကို ပွဲထုတ်ဖွယ်ရှိကြောင်း သတင်းဌာနများက ဖော်ပြခဲ့ကြသည်။

comments

error: Content is protected !!