ဖီဖာတွင် မည့်သည့် မသမာမှုကိုမှ မလုပ်ခဲ့ဟု ဆပ် ဘလတ္တာ ငြင်းဆို
|
အလွဲသုံး စားပြုမှုနှင့် မသမာမှု တို့ဖြင့် ဆွစ်ဇာလန် အစိုးရက စစ်ဆေးမှု ခံယူနေရသည့် ဘလတ္တာက မိမိအနေဖြင့် စစ်ဆေးချက်များ အမှန် ဖြစ်စေရန် အာဏာပိုင် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက် ပေးနေကြောင်း နှင့် လာမည့် နှစ် ရွေးကောက်ပွဲ မတိုင်မီ အထိ ဖီဖာ ဥက္ကဌ အဖြစ် ဆက်လက် ရှိနေဦးမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက စစ်ဆေးမှု အပြီးတွင် ပြောကြားခဲ့သည်။
ဆပ် ဘလတ္တာ၏ ပြောဆိုချက်တွင် မိမိ အနေဖြင့် မသမာမှု ဘာမှ မလုပ် ထားကြောင်းနှင့် ဖေဖော်ဝါရီလ ဖီဖာ ရွေးကောက် ပွဲ အထိ လက်ရှိ ရာထူးတွင် ဆက်ရှိ သွားမည် ဖြစ်ကြောင်း ဖွင့်ဟ ခဲ့သည်။
ဆွစ်ဇာလန် အစိုးရသည် ဘလတ္တာအား မသမာမှုနှင့် အလွဲ သုံးစာမှုတို့ဖြင့် သံသယ ရှိနေကာ စုံစမ်း စစ်ဆေး မှုများ ပြုလုပ်နေ သည်။ သို့သော် ဆပ် ဘလတ္တာ ၏ ရှေ့နေ ကမူ သူ၏ အမှုသည် သည် မည်သည့် ပြစ်မှု တစ်စုံ တစ်ရာကိုမှ မကျူး လွန် ခဲ့ကြောင်း၊ အမှား မလုပ် ခဲ့ကြောင်း ထုတ်ပြန်ချက် တစ်စောင်ရေး သား ဖော်ပြ ခဲ့သည်။
ဘလတ္တာသည် ထို့နေ့က ဖီဖာ ဝန်ထမ်းများအား သူသည် အာဏာပိုင်များနှင့် အတူ ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း၊ မိမိသည် ဥပဒေနှင့် ငြိစွန်းသည့် မည်သည့် ကိစ္စ ကိုမှ မလုပ်ခဲ့ကြောင်း လက်ရှိ အချိန်တွက် ဖီဖာဥက္ကဋ္ဌအဖြစ် ဆက်လက်တည်ရှိမည် ဟု ဖော်ပြထားခဲ့သည်။
Next : အာရှ ယူ-၁၉ ခြေစစ်ပွဲ အောင်လို၍ အိမ်ရှင်ပြုလုပ်ခြင်း ဖြစ်သည်ဟု ဦးဇော်ဇော်ဆို