ယနေ့ညတွင်ကစားမည့်ပွဲစဉ်တွင် အဓိက ကစားသမားအချို့ကိုအာဆင်နယ် အနားပေးသွားမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
ST ALBANS, ENGLAND - SEPTEMBER 22: David Ospina of Arsenal during a training session at London Colney on September 22, 2015 in St Albans, England. (Photo by Stuart MacFarlane/Arsenal FC via Getty Images)
လေ့ကျင့်ရေးကွင်းတွင် အော့စပီနာအားတွေ့ရစဉ်။

အာစင်ဝင်းဂါးသည် ယနေ့ညတွင် အနိုင်ကစားရမည့်ချန်ပီယံလိဂ်ပွဲ အိုလံပီယာကို့စ်နှင့်ပွဲစဉ်တွင် ဂိုးသမားပီတာဆက်ခ်ျအပြင် အဓိက ကစားသမားအချို့ကို အနားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ယနေ့ညတွင်ပွဲထွက်ကစားမည့် ဂိုးသမားအော့စပီနာမှာ ဒိုင်နမိုဇာဂရက်အား ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်အဖွင့်ပွဲ စဉ်တွင်လည်း ပွဲထွက်ပါဝင်ခဲ့သူဖြစ်ကာ အာဆင်နယ်အနေဖြင့် အုပ်စုတတိယပွဲစဉ်တွင်လည်း ဘိုင်ယန်မြူးနစ် နှင့် ယှဉ်ပြိုင်ရဦးမည်ဖြစ်၍ ယခုအိုလံပီယာကို့စ်နှင့်ပွဲတွင် နိုင်ပွဲရရန် အရေးတကြီးလိုအပ်နေသည်။

အာဆင်နယ်အသင်းအနေဖြင့်ယခုနှစ်ဘောလုံးရာသီတွင်ပိုမိုတောင့်တင်းသည့်အသင်းအဖြစ်တည်ဆောက် ရန်ရည်ရွယ်ကာ အလှည့်ကျအသုံးပြုသည့်စနစ်ကို ကျင့်သုံးနေသည်။

အဓိကကစားသမားများအနားပေးသွားမည်နှင့် ပတ်သက်ပြီး ၀င်းဂါးက”ဒီပွဲမတိုင်ခင်မှာ အဓိက ကစားသမား တစ်ချို့ဟာပွဲတော်တော်များများကို ကစားထားခဲ့ရတယ်။ စပါး၊လက်စတာအသင်းတွေနဲ့ ခက်ခဲတဲ့ပွဲစဉ်ကို တစ်ချို့ကစားသမားတွေ ရင်ဆိုင်ကစားခဲ့ရတယ်။ ဒီအချက်က လူရွေးချယ်မှုအတွက် လွှမ်းမိုးမှုကိုဖြစ်စေခဲ့ တယ်။ ပွဲတိုင်းမှာလဲ ကစားသမား၂၀လောက်ကြံ့ခိုင်မှုပြည့်နေတဲ့ကစားသမားတွေရှိနေတဲ့အခြေအနေကို ရောက်ရှိ အောင်လုပ်ဆောင်မယ်။ နေရာတစ်နေရာတိုင်းစီအတွက် သေချာစောင့်ကြည့်ပြီးရွေးချယ်သွားမှာ ဖြစ်လို့ တောင့်တင်းတဲ့အသင်းဖြစ်အောင်တည်ဆောက်နိုင်မယ်လို့ယုံကြည်တယ်”ဟုပြောခဲ့သည်။

အော့စပီနာမှာ ထိပ်တန်းအရည်အသွေးရှိသည့်ဂိုးသမားဖြစ်ကာ ၎င်းအားပွဲထွက်ကစားခွင့်ပေးသွားမည်ဖြစ် ကြောင်း၊ ယနေ့ညတွင် ၎င်းအားပွဲထွက်ခွင့်ပေးသည်မှာ ပွဲတိုင်းအား ခြားနားသည့်ဆုံးဖြတ်ချက်ဖြင့် ချမှတ်ချဉ်း ကပ်ခြင်းကြောင့်ဖြစ်ကြောင်း ၀င်းဂါးက ပြောကြားခဲ့သည်။

comments

error: Content is protected !!