အေစီမီလန်ဂိုးသမားဟောင်း အမီလီယာကို ကာလတိုစာချုပ်ဖြင့်ခေါ်ယူရန် ချဲလ်ဆီးမျှော်လင့်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
161683754
အေစီမီလန်တွင်ကစားစဉ်ကတွေ့ရသည့် အမီလီယာ

ချဲလ်ဆီးအသင်းမှာဦးစားပေးဂိုးသမားကော်တိုရစ်နေရာတွင်အစားထိုးရန်အတွက် အေစီမီလန်ဂိုးသမားဟောင်းအမီလီယာကို ကာလတိုစာချုပ်ဖြင့်ခေါ်ယူရန် ပြင်ဆင်နေကြောင်းသိရသည်။

ကော်တိုရစ်မှာ ဒူးဒဏ်ရာကြောင့် ဒီဇင်ဘာလအထိ အနားယူရမည်ဖြစ်ပြီး ယခုအချိန်တွင် ဂိုးသမားဘီဂိုဗစ်မှာ ချဲလ်ဆီးအသင်း၏ ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ကစားနေကာ ၎င်း၏နောက်တွင် အရန်ဂိုးသမားများအဖြစ် ဘလက်မန်းနှင့် လူငယ်ဂိုးသမားများဖြစ်သော ဘီနေး၊ ကောလင်းတို့အစဉ်လိုက်ရပ်တည်လျက်ရှိသည်။

ချဲလ်ဆီးအသင်းတွင် ဘီဂိုဗစ်ပါဝင်ကစားနေသော်လည်း အတွေ့အကြုံရှိသည့် အခြားဂိုးသမားတစ်ဦးထပ်မံဖြည့်တင်းရန် နည်းပြမော်ရင်ညိုက ဆန္ဒရှိနေပြီး အေစီမီလန်နှင့် ၄ နှစ်ကျော်ကာလဖြတ်သန်းပြီး ၄၁ ပွဲကစားပေးခဲ့သူ အမီလီယာဖြင့် အားဖြည့်ရန်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

အမီလီယာမှာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီတလီအသင်းလူစာရင်းတွင်ပါဝင်ခဲ့ပြီး နိုင်ငံတကာပွဲအတွေ့အကြုံ ၉ ပွဲရှိခဲ့သူဖြစ်ကာ ယခုအချိန်တွင် စီးရီးဘီကလပ် ပီရူးဂျီယာအသင်းကစားသမားစာရင်းတွင်ပါဝင်နေသော်လည်း ပွဲထွက်ခွင့်ဆုံးရှုံးနေသောကြောင့် ဘောလုံးရာသီကုန်ဆုံးချိန်တွင်ထွက်ခွာမည်ဖြစ်၍အလွတ်ပြောင်းရွှေ့ ကြေးဖြင့်ခေါ်ယူနိုင် မည်ဖြစ်ကြောင်းသိရသည်။

comments

error: Content is protected !!