ဟောင်ကောင်ယူ-၁၉ကို ခြေစွမ်းအသာနဲ့ အနိုင်ရခဲ့တဲ့ ဗီယက်နမ် ယူ-၁၉အသင်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
12032194_606478039491012_6844764349505876531_n
ဗီယက်နမ် ၃-၁ ဟောင်ကောင်ပွဲစဉ်မှ မြင်ကွင်းတစ်ရပ်။

ရန်ကုန်၊စက်တင်ဘာ ၂၈။

အောင်သော်ဖြိုး။

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပသည့်  အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲအုပ်စု (ဆ) အဖွင့်ပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနှင့် ဟောင်ကောင်အသင်းတို့ စက်တင်ဘာလ ၂၈ရက် ညနေ ၃:၃၀ မိနစ်အချိန်၊ သုဝဏ္ဏ အားကစားကွင်းတွင်ယှဉ်ပြိုင်ခဲ့ကြပြီး ဗီယက်နမ်အသင်းက ဟောင်ကောင်အသင်းကို ခြေစွမ်းအသာဖြင့်ကစား နိုင်ခဲ့ပြီး ၃-၁ ဖြင့် အနိုင်ရခဲ့သည်။

ပွဲစသည်နှင့်ဟောင်ကောင်အသင်းကိုဗီယက်နမ်အသင်းကဖိအားပေးကစားထားပြီးပွဲချိန်၇မိနစ်တွင်ရရှိသည့် ထောင်ကန်ဘောမှ တစ်ဆင့် ဗီယက်နမ် နောက်ခံလူ H.D. Chinh ခေါင်းတိုက် သွင်းယူခဲ့ကာဗီယက်နမ်အသင်း ဦးဆောင်ဂိုးရခဲ့ပြီး ပွဲချိန် မိနစ် ၄ဝတွင် ဗီယက်နမ်အသင်း သွင်းဂိုးတစ်ဂိုး ထပ်မံသွင်းယူခဲ့သော်လည်းကွင်းလယ် ဒိုင်က ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ခဲ့သဖြင့် ဗီယက်နမ်အသင်းနစ်နာခဲ့ရပြီး  ပွဲချိန် ၄၁မိနစ်တွင်ဟောင်ကောင် တိုက်စစ်မှူး မက်သရူးက ကွင်းလယ်မှ ပေးပို့မှုကို အနီးကပ်ပိတ်သွင်းကာ ဟောင်ကောင်အသင်းချေပဂိုးရခဲ့ပြီး ပထမပိုင်း ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် ဗီယက်နမ်အသင်း ခြေစွမ်းပိုမို ကောင်းမွန်လာပြီး ၄၈မိနစ်တွင် ဗီယက်နမ်တိုက်စစ်မှူးNguyen Tien Linhကဧရိယာအတွင်း ဆွဲဝင်ကာ ဂိုးသမားညာဘက်ကို ကန်သွင်းကာဗီယက်နမ်အသင်း ဒုတိယဂိုး ရရှိခဲ့သည်။ ဗီယက်နမ်အသင်း ပွဲချိန် ၅၉မိနစ်တွင် ညာဝန်းမှ ထိုးပေးသည့်ဘောလုံးကို ဧရိယာ အစပ်မှ နောက်ခံလူ H.D. Chinh ကန်သွင်းပြီး ဗီယက်နမ်ကို ၃ဂိုးမြောက်ဂိုး ထပ်မံရရှိခဲ့သည်။

ပွဲချိန်၈၆မိနစ်တွင်ဟောင်ကောင်တိုက်စစ်ဆင်မှုကိုဗီယက်နမ်တိုက်စစ်မှူးChengSiuKwanဖျက်ထုတ်ပုံကြမ်းတမ်းခဲ့သဖြင့်တိုက်ရိုက် အနီကတ် ပြသခံခဲ့ရပြီး ဟောင်ကောင်အသင်းပင်နယ်တီကန်ခွင့်ရခဲ့သည်။ အဆိုပါ ပင်နယ်တီကို လူစားဝင်လာသည့် Lam  Thuam ဂိုးသမား ညာဘက်ကို ကန်သွင်းချက်အားပျော့ခဲ့ သဖြင့် ဗီယက်နမ်ဂိုးသမား ပုတ်ထုတ်ကာကွယ်ခဲ့ပြီး ပွဲပြီးချိန်တွင် ဗီယက်နမ်အသင်းက ဟောင်ကောင်အသင်း ကို ၃-၁ ဖြင့် အနိုင်ရခဲ့သည်။

ပွဲပြီးပြောစကား

ဟောင်ကောင်နည်းပြ စပိန်နိုင်ငံသား Bravo Gimenez

“ဒီနေ့ကခက်ခဲတဲ့ပွဲတစ်ပွဲပါ။အုပ်စုတက်ဖို့ကမြန်မာနဲ့ဗီယက်နမ်အသင်းတို့အခွင့်အလန်းအရမ်းများပါတယ်။ ဟောင်ကောင် အသင်းအနေနဲ့တော့လာမယ့် ရှေ့ပွဲစဉ်ကိုပဲအကောင်းဆုံးပြင်ဆင်သွားမှာပါ”

ဗီယက်နမ် နည်းပြ Hoang Anh Tuan

“ဒီနေ့နိုင်ပွဲရပေမယ့်အားနည်းချက်တွေရှိနေပါသေးတယ်။ဒီနေ့အနီကတ်ထိတဲ့ ကစားသမားကြောင့် ရှေ့လာမယ့်ပွဲတွေကိုသတိထားယှဉ်ပြိုင်ရတော့မှာပါ”

 

comments

error: Content is protected !!