ဒိုင်နမိုဇာဂရက်နှင့်ကစားမည့်ပွဲတွင် ဒူးဒဏ်ရာကြောင့် ဗီဒယ် ပါဝင်နိုင်ဖွယ်မရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490385156
မိန့်ဇ်နှင့်ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်က ဗီဒယ်

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူဗီဒယ်မှာ ဒူးဒဏ်ရာရရှိထားသဖြင့် ဒိုင်နမိုဇာဂရက်နှင့်ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောကြားသွားခဲ့သည်။

အသက် ၂၈ နှစ်ရှိ အဆိုပါချီလီလက်ရွေးစင်ကစားသမားမှာ ဘိုင်ယန်မြူးနစ်အတွက် အဓိက ကစားသမားဖြစ်သောကြောင့် နည်းပြဂွါဒီယိုလာအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သော်လည်း တီယာဂိုနှင့် အလွန်ဆိုတို့ ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သို့သော် ဘိုင်ယန်မြူးနစ်ပထမအသင်းတွင် ကြံ့ခိုင်မှုပြည့်ဝသည့်ကစားသမား ၁၄ ယောက်၊ ၁၅ ယောက်သာရှိသောကြောင့် အရန်အသင်းမှ ကစားသမားများကိုခေါ်ယူရန်လိုအပ်မည်ဟုလည်း နည်းပြကဆိုခဲ့သည်။

ဘိုင်ယန်မြူးနစ်နှင့်အတူ ပုံမှန်ပွဲထွက်ခွင့်ရရှိနေသော ဗီဒယ်၏ ဒူးဒဏ်ရာမှာ အသေးစားဒဏ်ရာပြဿနာဖြစ်သောကြောင့် ယခုတစ်ပတ်တနင်္ဂနွေနေ့တွင် ဒေါ့မွန်နှင့်ကစားမည့် ဂျာမန်ဒါဘီပွဲတွင် ပြန်လည်ပါဝင်နိုင်ကြောင်း သိရသည်။

ဗီဒယ်မှာ ယခုနှစ်ဘောလုံးရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ဘွန်ဒက်စ်လီဂါသွင်းဂိုး ၁ ဂိုးသာရယူပေးထားနိုင်သော်လည်း အသင်းတိုက်စစ်ဆင်ရာ၌ အဓိကကျသူဖြစ်သည်။

comments

error: Content is protected !!