ဘရူနိုင်းကိုဂိုးပြတ်သွင်းပြီး တီမောအသင်း အုပ်စုဦးဆောင်သူဖြစ်လာ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
timor
တီမောအသင်းခေါင်းဆောင်အဂိုစတင်ဟိုနှင့် ဘရူနိုင်းကွင်းလယ်ကစားသမား မိုဟာမက်တို့ဘောလုံးယှဉ်လုနေစဉ်။

ရန်ကုန်၊စက်တင်ဘာ ၂၈။

အောင်သော်ဖြိုး။

အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု(ဆ) ပွဲစဉ် တစ်ပွဲအဖြစ် တီမောအသင်း နှင့် ဘရူနိုင်းအသင်းတို့စက်တင်ဘာလ ၂၈ရက်နေ့ ညနေ ၆:၃ဝ ၊ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြပြီး တီမောအသင်းခြေစွမ်းကောင်းမွန်ခဲ့ပြီး ဘရူနိုင်းအသင်းကို ဖြင့် အနိုင်ရခဲ့ကာ အုပ်စု(ဆ)ဦးဆောင်သူနေရာကိုရယူနိုင်ခဲ့သည်။

ပွဲစတင်ပြီး ၁ဝမိနစ် အချိန်အတွင်း တစ်ဖက်နှင့်တစ်ဖက် ကစားကွက်စမ်း ကစားနေပြီး ၁၄မိနစ်တွင် တီမော ကွင်းလယ်လူဂါမာ လူကျွံထောင်ခြောက်ကို ဖောက်ထွက်ပြီး ဂိုးသမား ညာဘက်ကို အသာအယာ ကန်သွင်းကာ အဖွင့်ဂိုးကို သွင်းယူခဲ့သည်။

တီမောအသင်း အဖွင့်ဂိုးရရှိပြီး နောက်ပိုင်းပွဲချိန်များတွင် ဘရူနိုင်းအသင်းကို ဖိအားပေးကစားလာပြီး ၁၈မိနစ် တွင် တီမောကွင်းလယ်မှ အဝေးကန်ချက်ကို ဂိုးသမားပုတ်ထုတ်ရာမှ လျံထွက်လာသည့်ဘောလုံးကို ကွင်း လယ်ကစားသမား နယ်လ်စင် ပိတ်သွင်းပြီး တီမောအသင်း ဒုတိယဂိုးရခဲ့သည်။

ဘရူနိုင်းတစ်သင်းလုံး နီးပါခံစစ်တွင် ပိတ်ဆို့ ကစားနေရပြီး ပွဲချိန် ၂၈မိနစ်တွင် တီမော တိုက်စစ်မှူး Henrique နောက်တန်းများကို လိမ်ခေါက်ကျော်ဖြတ်လာပြီး ဂိုးသမားကိုပါ လိမ်ကာ တီမောအသင်းအတွင် တတိယဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၃၂ မိနစ်တွင် ဒုတိယဂိုးသွင်းယူခဲ့သည့် နယ်လ်စင်က ပင် တီမောအသင်းအတွက် ၄ဂိုးမြောက်ဂိုးကို သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် ဘရူနိုင်းခြေစွမ်း အနည်းငယ်ကောင်းလာသော်လည်း တီမောကပင် အသာစီးရယူကာ ကစားထားပြီး လက်ကျန်ပွဲချိန်များကိုထိန်းကာ ကစားသွားပြီး ပွဲပြီးဆုံးချိန်တွင် ၄-ဝ ရလဒ်ဖြင့်ပြီးဆုံးခဲ့ပြီး ယခုပွဲစဉ်ကို ပရိသတ် ၂၂ဝ လာရောက်ကြည့်ရှု့ခဲ့သည်။

အုပ်စုဦးဆောင်သူနေရာရယူထားသည့်တီမောအသင်းသည် စက်တင်ဘာ(၃၀)ရက်နေ့တွင် ဟောင်ကောင် အသင်းနှင့် လည်းကောင်း၊အောက်တိုဘာ(၂)ရက်နေ့တွင်မြန်မာအသင်းနှင့်လည်းကောင်း၊အောက်တိုဘာ(၄)ရက်နေ့တွင်ဗီယက်နမ်နှင့် လည်းကောင်းယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အုပ်စု(ဆ)ရပ်တည်မှု

afc standing

comments

error: Content is protected !!