စပိန်နှင့် ကာတာလန်ဒေသ ၂ ခုအကြား လူမျိုးရေးခွဲခြားမှုကြီးမားနေခြင်းက အဓိကပြဿနာဖြစ်နေကြောင်း ကစားသမားဟောင်းပီတစ် သုံးသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
463216834
လီဂူး-၁ ပွဲစဉ်တစ်ပွဲအား လာရောက်ကြည့်ရှုသည့် ပီတစ်

ဘာစီလိုနာနှင့် ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ပီတစ်က စပိန်လာလီဂါတွင်ကြုံတွေ့နေသည့် ပြဿနာများမှာ စပိန်နှင့်ကာတာလန်ဒေသနှစ်ခုအကြား လူမျိုးရေးခွဲခြားမှုများကြီးမားနေခြင်းက အဓိကပြဿနာဖြစ်ကြောင်း၊ ကာတာလန်ဒေသသားများမှာ စပိန်ဘာသာစကားပြောရန် ခါးသီးစွာငြင်းဆန်နေသူများဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ပြင်သစ်လက်ရွေးစင်အသင်းနှင့်အတူ ကမ္ဘာ့ဖလား၊ ဥရောပဖလားများရရှိခဲ့ဖူးသည့် ပီတစ်သည် ၂၀၀၀ခုနှစ်တွင် အာဆင်နယ်အသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဘောလုံးရာသီတစ်ရာသီသာ ပါဝင်ကစားခဲ့ကာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းထံ ပြန်လည်ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

“ကာတာလန်ဒေသသားတွေနဲ့ စပိန်နိုင်ငံသားတွေကြားမှာ လူမျိုးရေးခွဲခြားမှုကြီးမားနေတာက လက်ရှိဖြစ်နေတဲ့ အခြေအနေအားလုံးရဲ့ အဓိကပြဿနာလို့ထင်ပါတယ်။ ဘာစီလိုနာကစားသမားဘ၀ အ၀တ်အစားလဲခန်းထဲက နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပြောဆိုမှုတွေကို အမှတ်ရနေမိပါတယ်။ စပိန်စကားပြောတဲ့အခါ ခါးသီးစွာငြင်းပယ်ခံခဲ့ရတဲ့အထိပါပဲ။ တချို့ဆိုရင် ကာတာလန်စကားသင်ယူဖို့အထိတောင် အကြံပြုကြပါတယ်။ ကာတာလန်သားအများစုက စပိန်စကားအစား လူမျိုးစုစကားကိုပဲ ပိုပြီးအသုံးပြုကြပါတယ်”ဟု ပီတစ်က ဆိုခဲ့သည်။

စပိန်နိုင်ငံမှ ခွဲထွက်ရန်ကြိုးစားနေသည့် ကာတာလန်အစိုးရအနေဖြင့် ၂၀၁၅ ဒီဇင်ဘာတွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါက ကာတာလန်ဒေသအနေဖြင့် သီးသန့်နိုင်ငံတစ်နိုင်ငံအဖြစ်တည်ထောင်ရန် စီစဉ်နေခြင်းဖြစ်သည်။ ယင်းကဲ့သို့ဖြစ်ပေါ်လာပါက ကာတာလန်ဒေသအခြေစိုက် စပိန်လာလီဂါထိပ်သီးအသင်းများဖြစ်သည့် ဘာစီလိုနာ၊ အက်စ်ပန်ညိုအသင်းများအနေဖြင့် ပြိုင်ပွဲမှနုတ်ထွက်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။

comments

error: Content is protected !!