စပါးကို အရေးနိမ့်ခဲ့ရသည့်အတွက် မန်စီးတီးနည်းပြပယ်လီဂရီနီ စိတ်ပျက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490091278
စပါးနှင့်ပွဲကတွေ့ရသည့် ပယ်လီဂရီနီ

မန်စီးတီးအသင်းမှာ စပါးနှင့်ကစားခဲ့သည့်အဝေးကွင်းပွဲတွင် ဒိုင်ယာ၊ အယ်လ်ဒါဝိုင်ရယ်၊ ဟာရီကိန်း၊ လာမယ်လာတို့၏သွင်းဂိုးများဖြင့် ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး ဒီဘရူနီ၏ သွင်းဂိုးတစ်ဂိုးဖြင့်ကျေနပ်ခဲ့ရသည့်အပေါ် စိတ်ပျက်မိကြောင်း နည်းပြပယ်လီဂရီနီက ပြောကြားခဲ့သည်။

ပယ်လီဂရီနီက ”ဘာဖြစ်လို့ ၄-၁ နဲ့ကျွန်တော်တို့ရှုံးရတာလဲ။ ဒါကို အရေးတကြီးစဉ်းစားရတော့မှာပါ။ ကျွန်တော်ဒေါသထွက်တယ်ဗျာ။ ဒီရှုံးပွဲကို ဒေါသမထွက်ရဘူးလား” ဟု ပြောကြားခဲ့သည်။

ယခုကစားခဲ့သည့်ပွဲတွင် စပါးအသင်းဘက်မှ သွင်းဂိုးသည့်ဂိုးများအနက် ၂ ဂိုးမှာ လူကျွံဘောဖြစ်နေသည့်အနေအထားမှရရှိခဲ့သည်ဟု မန်စီးတီးဘက်မှ ယုံကြည်လျက်ရှိသည်။

မန်စီးတီးအသင်းမှာ ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရာသီအဖွင့် ၆ ပွဲဆက် ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့သည့်အပြင် ပေးဂိုးမရှိကစားထားနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖွင့်ပွဲတွင် ဂျူဗင်တပ်ကို အရေးနိမ့်ပြီးချိန်မှစ၍ ပရီးမီးယားလိဂ်၌ ၂ ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့ရပြီး အမှတ်ပေးဇယားတွင် မြို့ခံပြိုင်ဘက် မန်ယူအသင်းထက် ၁ မှတ်လျော့နည်းနေပြီး ဒုတိယနေရာတွင် ရပ်တည်နေသည်။

comments

error: Content is protected !!