မက်ဆီ၏ ဒဏ်ရာအခြေအနေ ပြင်းထန်ခြင်းမရှိဟု အသင်းဆရာဝန်အတည်ပြု

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490117528
လက်စ်ပါးမက်နှင့်ပွဲတွင် ဒဏ်ရာရရှိသွားသည့် မက်ဆီ

ဘာစီလိုနာအသင်းဆရာဝန်ဗီလာနီက လက်စ်ပါးမက်အသင်းနှင့်ပွဲစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့သည့်မက်ဆီ၏ ဒဏ်ရာအခြေအနေမှာ ပြင်းထန်ခြင်းမရှိကြောင်း၊ သတင်းများထွက်ပေါ်နေသည့်အတိုင်း ၂ လအထိ အနားယူရန်မလိုအပ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

မက်ဆီသည် လက်စ်ပါးမက်စ်အသင်းဂိုးသမားနှင့်ထိခိုက်မိခဲ့ပြီးနောက် ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ အလျင်အမြန်သွားရောက်ကာ ဆေးစစ်မှုခံယူခဲ့ရသည်။ ယင်းအတွက်ကြောင့် အသင်းနည်းပြက မက်ဆီမှာ ၂ လခန့်အနားယူရဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

”ကနဦးသတင်းတွေမှာဖော်ပြထားသလို မက်ဆီရဲ့ဒဏ်ရာက ပြင်းထန်မှုမရှိပါဘူး။ အချိန်အနည်းငယ်လောက်အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ။ ဒူးအရွတ်စုတ်ပြဲဒဏ်ရာဆိုပေမယ့် အချိန်တိုအတွင်း အသင်းအတွက်ပြန်ကစားနိုင်ဖို့ သေချာပါတယ်”ဟု အသင်းဆရာဝန်ဗီလာနီက ဆိုခဲ့သည်။

ဘာစီလိုနာနည်းပြအန်းနရစ်ကမူ မက်ဆီ၏ဒဏ်ရာအခြေအနေသက်သာကောင်းမွန်လာရန် မျှော်လင့်ကြောင်း၊ ပွဲစဉ်အချို့လွဲချော်မည်ဖြစ်သော်လည်း အက်ကလက်စီကိုဒါဘီပွဲစဉ်အမီ ပြန်လည်ပါဝင်နိုင်ရန်အရေးကြီးကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

comments

error: Content is protected !!