မက်ဆီဒဏ်ရာကြောင့်ကာလအတန်ကြာ နားရမည်ဖြစ်၍ ဘာစီလိုနာတိုက်စစ်အခက်ကြုံနိုင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
Lionel Messi of FC Barcelona during the Primera Division match between FC Barcelona and Las Palmas on September 26, 2015 at Camp Nou stadium in Barcelona, Spain.(Photo by VI Images via Getty Images)
ဒဏ်ရာရသွားသည့် မက်ဆီအား အရေးပေါ်ကုသမှုပြုလုပ်ပေးနေစဉ်။

ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီသည်လက်စ်ပါးလ်မက်စ်အား(၂-၁)ဂိုးဖြင့်အနိုင်ရသောပွဲစဉ်တွင် ဒူးအရွတ်စုတ်ပြဲသည့်ဒဏ်ရာ ရရှိခဲ့ပြီး (၇)ပတ်မှ (၈)ပတ်ကြာသည်အထိ အနားယူရဖွယ်ရှိကြောင်းသိရသည်။

အသက်(၂၈)နှစ်အရွယ်ရှိမက်ဆီသည်ယင်းဒဏ်ရာကိုပွဲစပြီး(၃)မိနစ်အကြာတွင်ရရှိခဲ့ခြင်းဖြစ်ကာ ဆေးရုံသို့ ချက်ခြင်းတင်ပို့ခဲ့ရကြောင်းသိရသည်။

ဒဏ်ရာကြောင့်ကာလအတန်ကြာအနားယူရမည့် မက်ဆီသည် ဘာစီလိုနာ၏ပွဲစဉ်(၇)ပွဲခန့်ကို လွဲချော်နိုင်ကာ လာမည့်နိုဝင်ဘာ(၂၂)တွင်ရီးရဲလ်နှင့် ယှဉ်ပြိုင်ရမည့်ပွဲစဉ်အမီပြန်လာပါဝင်နိုင်ရန် မျှော်လင့်ထားကြောင်းသိရ သည်။

အသင်း၏အဓိကတိုက်စစ်မှူးမက်ဆီဒဏ်ရာရရှိခဲ့ခြင်းနှင့် ပတ်သက်ပြီး နည်းပြအင်းနရစ်က”ကျွန်တော့်ကစား သမားတွေဒဏ်ရာရတိုင်း စိတ်မကောင်းဖြစ်မိတယ်။ အခုမက်ဆီဒဏ်ရာရသွားတော့ ပိုပြီးစိတ်မကောင်းဖြစ်ရ တယ်။ သူမကစားနိုင်ဘူးဆိုပေမယ့် အသင်းရဲ့ နည်းစနစ်ပုံစံကို ပြောင်းလဲပြစ်မှာ မဟုတ်ဘူး။ ဒီနေရာအတွက် အဖြေရှာသွားမှာဖြစ်တယ်။ အသင်းရဲ့ တခြားနေရာတွေကလည်း ကောင်းမွန်တဲ့ပုံစံရှိနေတာကြောင့် မက်ဆီမ ပါနိုင်ပေမယ့် အသင်းက အကောင်းဆုံးပုံစံနဲ့ ဆက်သွားမှာပါ”ဟုပြောခဲ့သည်။

ဘာစီလိုနာအသင်းသည် လက်စ်ပါးလ်မက်စ်အား ဆွာရက်ဇ်၏ သွင်းဂိုး(၂)ဂိုးဖြင့်အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား ဒုတိယနေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့သည်။

သို့ရာတွင်မူ ဘာစီလိုနာအနေဖြင့် အင်္ဂါညတွင်လေဗာကူဆင်နှင့်ကစားရမည့်ချန်ပီယံလိဂ်၊ဗယ်လက်ကာနို၊ ဘို ရီဆော့ဗ်၊အီဘာ၊ဂီတာဖေး၊ဗီလာရီးရဲလ်နှင့် ပွဲစဉ်များကို မက်ဆီမပါဝင်ဘဲကစားရမည်ဖြစ်ရာ တိုက်စစ်မှူး ဆွာ ရက်ဇ်၊ နေမာ တို့ပိုမိုရုန်းကန်ရတော့မည်ဖြစ်သည်။

comments

error: Content is protected !!