မာရှယ်ကြောင့် မန်ယူအနာဂတ်ပိုမိုတောက်ပလာသည်ဟု ရွန်နီ ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490118140
ဆန်းဒါးလန်းနှင့်ပွဲတွင် ရွန်နီအား ဂိုးသွင်းခွင့်ဖန်တီးပေးခဲ့သည့် မာရှယ်

မန်ယူအသင်းခေါင်းဆောင်ဝိန်းရွန်နီက တိုက်စစ်မှူးမာရှယ်၏ မှော်ဝင်ခြေစွမ်းကြောင့် မန်ယူအသင်းမှာ ထိပ်ဆုံး၌ရပ်တည်နိုင်သည့်စွမ်းရည် ပိုင်ဆိုင်လာခဲ့သည်ဟု ချီးကျူးပြောကြားသွားခဲ့သည်။

တိုက်စစ်မှူးရွန်နီမှာ ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မိနစ် ၁၀၀၀ ကြာ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ခြင်းကို ပြီးခဲ့သည့် ဆန်းဒါးလန်းနှင့် ပွဲတွင် အဆုံးသတ်နိုင်ခဲ့ပြီး အဆိုပါသွင်းဂိုးရရှိစေရန် မာရှယ်ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲတွင် တိုက်စစ်မှူးမာရှယ်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး သွင်းဂိုး ၁ ဂိုးရယူပေးနိုင်ခဲ့သောကြောင့် ဆန်းဒါးလန်းကို ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်ရလဒ်ကြောင့် မန်ယူအသင်းမှာ နည်းပြဟောင်းဖာဂူဆန်ထွက်ခွာသွားသည့် ၂၀၁၃ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးသို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခဲ့သည်။

နည်းပြဗန်ဟားလ်ကလည်း မိုနာကိုအသင်းမှ မာရှယ်ပြောင်းရွှေ့ရောက်ရှိခဲ့ခြင်းမှာ အသင်းခေါင်းဆောင်ရွန်နီအတွက် အကူအညီဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

မာရှယ်နှင့်ပတ်သက်၍ ရွန်နီက ”မာရှယ်ဟာ အခုဘောလုံးရာသီရော လာမယ့်အနာဂတ်မှာပါ အောင်မြင်တဲ့ကစားသမားဖြစ်လာပါလိမ့်မယ်။  ကျွန်တော်တို့ အနေနဲ့ သူခြေစွမ်းပြနိုင်အောင် ကူညီရမှာပါ။ ကျွန်တော်ပြောရဲတာကတော့ သူရဲ့မှော်ဝင်ခြေစွမ်းနဲ့ အသင်းအပေါ်ပေးဆပ်နေပါတယ်။ သူနဲ့ပတ်သက်ပြီး အမှတ်ရစရာတွေရှိနေပါပြီ။ အသက်ငယ်တယ်၊ အင်္ဂလိပ်စကား မကျွမ်းကျင်ဘူး။ ပြီးတော့ ပြင်သစ်ကနေ အင်္ဂလန်ကိုရောက်လာတယ်။ ဒါတွေကို ကျွန်တော်တို့ နားလည်ပေးရပါလိမ့်မယ်။ သူ့ခြေစွမ်းက တကယ့်ကို မယုံကြည်နိုင်လောက်အောင် ကောင်းမွန်နေပါတယ်”ဟု ချီးကျူးသွားခဲ့သည်။

comments

error: Content is protected !!