နည်းပြဟောင်းမော်ရင်ဟိုကို ကြိုဆိုမည်ဖြစ်သော်လည်း အနိုင်ရရှိရေးအတွက် အာရုံစိုက်သွားမည်ဟု ပေါ်တိုနည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489417544
ပေါ်တူဂီပြည်တွင်းလိဂ်ပွဲစဉ်တွင်တွေ့ရသည့် လိုပက်တီဂီ

ပေါ်တိုနည်းပြဟိုလန်လိုပက်တီဂီက  အသင်းနှင့်အတူအောင်မြင်မှုများစွာရရှိခဲ့ဖူးသည့် နည်းပြဟောင်းမော်ရင်ဟိုအား ကြိုဆိုမည်ဖြစ်သော်လည်း အိမ်ကွင်းတွင်အနိုင်ရရှိရေးအတွက် ပိုမိုအာရုံစိုက်သွားမည်ဖြစ်ကြောင်း၊ နောက်တစ်ဆင့်တက်ရောက်နိုင်ရေးအတွက် အိမ်ကွင်းပွဲစဉ်များတွင် ရလဒ်ကောင်းရယူနိုင်ရန်အရေးကြီးကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

လက်ရှိချဲလ်ဆီးအသင်းအား တာဝန်ယူကိုင်တွယ်နေသည့် နည်းပြမော်ရင်ဟိုသည် ပေါ်တိုအသင်းအား ၂၀၀၂ မှ ၂၀၀၄ အတွင်း တာဝန်ယူကိုင်တွယ်ခဲ့ပြီး ပြည်တွင်းဆုဖလား၎လုံးအပြင် ဥရောပချန်ပီယံလိဂ်ဖလားနှင့် ယူအီးအက်ဖ်အေဖလား(လက်ရှိ ယူရိုပါလိဂ်)တို့အား ရယူပေးနိုင်ခဲ့ကာ အသင်းသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနည်းပြစာရင်းဝင်ခဲ့သူဖြစ်သည်။

“နည်းပြမော်ရင်ဟိုအနေနဲ့ ပေါ်တိုအသင်းကိုတာဝန်ယူကိုင်တွယ်ခဲ့စဉ်က မြင့်မားတဲ့စွမ်းဆောင်မှုတွေပြုလုပ်ပေးခဲ့တဲ့ နည်းပြတစ်ယောက်ပါ။ အဲဒီအတွက် အသင်းဟောင်းဆီကို ပြိုင်ဘက်အဖြစ် တစ်ကျော့ပြန်ရောက်ရှိလာမယ့် နည်းပြတစ်ယောက်ကို နွေးထွေးစွာကြိုဆိုမှာဖြစ်ပေမယ့် ရလဒ်ကောင်းရဖို့အတွက်ကတော့ မဖြစ်နိုင်ပါဘူး။ အုပ်စုအဖွင့်ပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲရထားခဲ့တဲ့အသင်းတစ်သင်းကို အနိုင်ရဖို့ မလွယ်ကူပေမယ့် အနိုင်ရရှိရေးအတွက် ပိုပြီးအာရုံစိုက်သွားမှာပါ” ဟု နည်းပြဟိုလန်လိုပက်တီဂီက ဆိုခဲ့သည်။

ပေါ်တိုအသင်းအနေဖြင့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် ယူကရိန်းကလပ် ဒိုင်နမိုကိဗ်နှင့် ၂-၂ သရေကျခဲ့သည့်အတွက် နည်းပြဟိုလန်လိုပက်တီဂီက နိုင်ပွဲလိုအပ်နေပြီဖြစ်ကြောင်း တိုက်တွန်းခဲ့သည့်အပြင် ချဲလ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာအား ထိန်းချုပ်ကစားရန် အသင့်ရှိကြောင်း အသင်းခေါင်းဆောင်မိုင်ကွန်က ထုတ်ဖော်ပြောကြားခဲ့သည်။

comments

error: Content is protected !!