လီဗာပူးနည်းပြဖြစ်လာပါက အပြောင်းအရွှေ့ကော်မတီကို ဖျက်သိမ်းမည်ဟု ကလော့ပ် ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
475304848
ဒေါ့မွန်ကိုတာဝန်ယူစဉ်ကတွေ့ရသည့် ယာဂင်ကလော့ပ်

ဒေါ့မွန်အသင်းနည်းပြဟောင်း ယာဂင်ကလော့ပ်က လီဗာပူးနည်းပြရော့ဂျာနေရာတွင် အစားထိုးခန့်အပ်ခံရပါက အသင်း၏အပြောင်းအရွှေ့ကော်မတီကို ဖျက်သိမ်းမည်ဟု ပြောကြားသွားခဲ့သည်။

အသက် ၄၈ နှစ်ရှိ အဆိုပါဂျာမန်လူမျိုးနည်းပြကို လီဗာပူးအသင်းမှ ခေါ်ယူနိုင်ခဲ့မည်ဆိုပါက ၎င်းအနေဖြင့် အသင်းကို ပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ရန်ဆန္ဒရှိနေပြီး လက်ရှိအချိန်တွင် လီဗာပူးအသင်းပိုင်ရှင်များဘက်မှ  ရီးရဲလ်နည်းပြဟောင်းအန်စလော့တီကိုလည်း ခေါ်ယူရန်ပစ်မှတ်ထားနေကြောင်း သိရသည်။

လက်ရှိလီဗာပူးနည်းပြရော့ဂျာမှာ အသင်း၏ အပြောင်းအရွှေ့မူဝါဒများနှင့်ပတ်သက်၍ လမ်းညွှန်မှုပေးနိုင်ခြင်းမရှိခဲ့ချေ။ ဥပမာအားဖြင့် လီဗာပူးကခေါ်ယူခဲ့သည့်ကစားသမားများအနက် ဘာလော့တယ်လီမှာ ရော့ဂျာအတွက် ဖိအားဖြစ်စေခဲ့ပြီး ဆွမ်ဆီးနှင့် ဝေးလ်လက်ရွေးစင်အက်ရှ်လေ၀ီလျံကို ခေါ်ယူရန်ကြိုးပမ်းမှုမအောင်မြင်ခဲ့ခြင်းမှာလည်း သမားရိုးကျနည်းလမ်းများဖြင့် ကြိုးပမ်းခဲ့ခြင်းကြောင့်ဖြစ်သည်။

ထို့ကြောင့် ဘွန်ဒက်စ်လီဂါချန်ပီယံ ၂ ကြိမ်ရရှိခဲ့သူ ကလော့ပ်က လီဗာပူးအသင်းသို့ ရောက်ရှိမည်ဆိုပါက အသင်း၏အပြောင်းအရွှေ့ကော်မတီကို ဖျက်သိမ်းမည်ဟုဆိုခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!