အင်တာမီလန်အသင်းပိုင်ရှင်နှင့် ဒါရိုက်တာမာကိုဖက်ဆိုနီတို့အကြား တင်းမာမှုများမြင့်တက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
464766730
ဖက်ဆိုနီနှင့် အဲရစ်ဟိုဟာတို့အား အတူတွေ့ရစဉ်

အင်တာမီလန်အသင်းပိုင်ရှင် အဲရစ်သိုဟာနှင့် အသင်းဒါရိုက်တာတစ်ဦးဖြစ်သူ မာကိုဖက်ဆိုနီတို့သည် ကွင်းသစ်စီမံကိန်းနှင့် စပွန်ဆာကိစ္စများအတွက် ညှိနှိုင်းမှုများပြုလုပ်ခဲ့ရာတွင် အဆင်မပြေမှုများရှိလာခဲ့ပြီး ၎င်းတို့နှစ်ဦးအကြား တင်းမာမှုများမြင့်တက်လာကြောင်း အီတလီမီဒီယာများက ဖော်ပြလျက်ရှိသည်။

အသင်းဒါရိုက်တာဖြစ်သူ မာကိုဖက်ဆိုနီအနေဖြင့် ကွင်းသစ်စီမံကိန်းအခြေအနေများနှင့်ပတ်သက်၍ အသင်းပိုင်ရှင်၏ဆုံးဖြတ်ချက်အချို့ကို ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိထွက်ပေါ်နေသည့် သတင်းများအရ ရာထူးမှနုတ်ထွက်ဖွယ်ရှိနေကြောင်း သိရသည်။

“အသင်းဒါရိုက်တာတစ်ဦးအပေါ် အမြဲတမ်းတလေးတစားဆက်ဆံပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အသင်းအတွက်ပေးဆပ်ရေး ထည့်သွင်းစဉ်းစားဖို့ လိုအပ်မယ်ထင်ပါတယ်။ အသင်းဆိုတာက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ် မှီခိုနေတာမဟုတ်ပါဘူး။ ဒါရိုက်တာတစ်ဦးနုတ်ထွက်ရင် အခြားတစ်ဦးက လွှဲပြောင်းတာဝန်ယူဖို့ အသင့်ရှိပါတယ်”ဟု အဲရစ်သိုဟာက မီဒီယာများကို ဖွင့်ဟပြောကြားခဲ့သည်။

အသင်းပိုင်ရှင်နှင့် ဒါရိုက်တာအဖွဲ့ဝင်များသည် အိမ်ကွင်းဆန်စီရိုအား အကြီးစားပြင်ဆင်မှုများပြုလုပ်ရန်ဆန္ဒရှိနေပြီး အသင်းဒါရိုက်တာတစ်ဦးဖြစ်သူမာကိုဖက်ဆိုနီအပါအ၀င် အချို့ကမူ ယူရိုသန်း ၁၅၀ တန် ပြင်ဆင်မှုများပြုလုပ်မည်ကို ကန့်ကွက်နေကြခြင်းဖြစ်သည်။

comments

error: Content is protected !!