ဘိုင်ယန်မြူးနစ်နှင့် ထိပ်တိုက်မဆုံမီ လီဝမ်ဒေါစကီးကို ဂိုးသွင်းစက်ဟု ဟမ်မဲလ်ချီးကျူး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489321110
လေဗာကူဆင်နှင့်ပွဲကတွေ့ရသည့် ဟမ်မဲလ်

ပြီးခဲ့သည့်သီတင်းပတ်ကြားရက်ပွဲစဉ်တွင် ၀ုဖ်ဘတ်ကို ၅ ဂိုးသွင်းယူကာ မိန့်ဇ်နှင့်ပွဲ၌လည်း ၂ ဂိုးသွင်းယူပြီး ဘွန်ဒက်စ်လီဂါပွဲ ၁၆၈ ပွဲကစားကာ ၁၀၁ ဂိုးသွင်းယူနိုင်ခဲ့သည့် လီဝမ်ဒေါစကီးအား ဒေါ့မွန်အသင်းဖော်ဟောင်း ဟမ်မဲလ်က ထုတ်ဖော်ချီးကျူးလိုက်သည်။

လီဝမ်ဒေါစကီးသည် ဘွန်ဒက်စ်လီဂါသွင်းဂိုး ၇၄ ဂိုးအား ဟမ်မဲလ်နှင့်အတူ ဒေါ့မွန်တွင်ကစားစဉ်က သွင်းယူခဲ့ခြင်းဖြစ်ပြီး နည်းပြယာဂင်ကလော့ပ်လက်အောက်တွင် ဂျာမန်ချန်ပီယံအဖြစ် ၂ ကြိမ်အောင်ပွဲခံနိုင်ခဲ့သည်။

ယခုသီတင်းပတ်တွင် ဘိုင်ယန်နှင့်ထိပ်တိုက်ရင်ဆိုင်ရမည့် ဒေါ့မွန်နောက်ခံလူဟမ်မဲလ်က အသင်းဖော်ဟောင်းနှင့်ပတ်သက်၍ပြောကြားရာတွင် “လီဝမ်ဒေါစကီး ၅ ဂိုးသွင်းတယ်ဆိုတော့ သူဘယ်အသင်းမှာကစားလဲဆိုတာထည့်မတွက်ဘဲ ၀မ်းသာမိပါတယ်။ သူက တိုက်စစ်မှူးကောင်းတစ်ယောက်ပါ။ သူကတကယ့်ဂိုးသွင်းစက်ပါ။ သူဘာပဲလုပ်လုပ် ထင်မှတ်မထားတာတွေ၊ အံ့သြစရာတွေချည်းပါပဲ”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!