လက်ရွေးစင်အသင်းအဖြစ် အင်္ဂလန်အသင်းအား ဂရယ်လစ်ခ်ျ ရွေးချယ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489743152
Captial One ဖလားပွဲစဉ်တွင်တွေ့ရသည့် ဂရယ်လစ်ခ်ျ

အက်စတွန်ဗီလာအသင်း၏ အိုင်ယာလန်ယူ-၂၁လက်ရွေးစင်လူငယ်ကစားသမားဖြစ်သူ ဂရယ်လစ်ခ်ျသည် လက်ရွေးစင်အသင်းအဖြစ် မွေးရပ်နိုင်ငံအင်္ဂလန်လက်ရွေးစင်အသင်းအား ရွေးချယ်ခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

အသက် ၂၀အရွယ်ရှိ လူငယ်ကွင်းလယ်ကစားသမား ဂရယ်လစ်ခ်ျသည် အင်္ဂလန်နိုင်ငံတွင် မွေးဖွားခဲ့သော်လည်း အိုင်ယာလန်နိုင်ငံသားများဖြစ်သည့် အဘိုးအဘွားများနှင့်အခြေချနေထိုင်ခဲ့ခြင်းကြောင့် လူငယ်ကစားသမားဘ၀ကို အိုင်ယာလန်လူငယ်အသင်းများနှင့်အတူ ဖြတ်သန်းခဲ့ရသူဖြစ်သည်။

အစောပိုင်းကာလတွင် လက်ရွေးစင်အသင်းနည်းပြများဖြစ်သည့် အင်္ဂလန်နည်းပြရွိုင်းဟော့ဆန်နှင့် အိုင်ယာလန်နည်းပြမာတင်အိုနေးလ်တို့အကြား  ဂရယ်လစ်ခ်ျနှင့်ပတ်သက်၍ အငြင်းပွားမှုများ ရှိလာခဲ့သည်။  အိုင်ယာလန်မာတင်အိုနေးလ်က အင်္ဂလန်နည်းပြဟော့ဆန်အနေဖြင့် လူငယ်ကစားသမားတစ်ယောက်အား  သိမ်းသွင်းစည်းရုံးနေသည်ဟူ၍ ပြင်းထန်စွာဝေဖန်ခဲ့သည်။

အင်္ဂလန်လက်ရွေးစင်အသင်းကို ရွေးချယ်ခဲ့ခြင်းနှင့်ပတ်သက်၍ ဂရယ်လစ်ခ်ျက “လူငယ်ကစားသမားဘ၀စတင်ခဲ့တဲ့နိုင်ငံရဲ့ လက်ရွေးစင်အသင်းမှာကစားခွင့်ကို ငြင်းပယ်ဖို့အတွက် ခက်ခက်ခဲခဲကို ဆုံးဖြတ်ခဲ့ရတာပါ။ လူငယ်ဘ၀နဲ့ မိသားစုဝင်တွေအတွက် အမှတ်တရများစွာရှိခဲ့တဲ့ အိုင်ယာလန်နိုင်ငံကို ကိုယ်စားမပြုနိုင်တော့တဲ့အတွက် စိတ်မကောင်းဘူး။ ဒါပေမဲ့ လက်ရွေးစင်ကစားသမားတစ်ယောက်အနေနဲ့ မွေးရပ်မြေကိုပဲ ကိုယ်စားပြုသင့်တယ်လို့ ထင်ပါတယ်။ အဲဒီအတွက် အင်္ဂလန် လက်ရွေးစင်အသင်းကို ရွေးချယ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ” ဟု ဖွင့်ဟပြောကြားခဲ့သည်။

comments

error: Content is protected !!