ချဲလ်ဆီးဂိုးသမားကော်တိုရစ်၏ ဒူးဒဏ်ရာ တိုးတက်ကောင်းမွန်လာ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
482762476
ကွန်မြူနတီဒိုင်းပွဲစဉ်ကတွေ့ရသည့် ကော်တိုရစ်

ချဲလ်ဆီးအသင်း၏ ပထမဂိုးသမားကော်တိုရစ်မှာ ယူရိုခြေစစ်ပွဲအဖြစ် ဘယ်လ်ဂျီယံအသင်းအတွက် ပါဝင်ကစားခဲ့သည့်ပွဲတွင်ဒဏ်ရာရရှိခဲ့၍ ယခုလအစောပိုင်းတွင် ခွဲစိတ်ကုသမှုခံယူခဲ့ရာ ၂ လခန့်အနားယူရမည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် ယခုအချိန်တွင် အဆိုပါဂိုးသမားမှ ဒဏ်ရာမှာ တိုးတက်ကောင်းမွန်လာသည်ဟု လူမှုကွန်ရက် အင်စတာဂရမ်တွင် ပုံနှင့်တကွ ရေးသားဖော်ပြခဲ့သည်။

အသက် ၂၃ နှစ်ရှိကော်တိုရစ်မှာ ပြန်လည်ကြံ့ခိုင်ရေးအစီအစဉ်ဖြစ်သည့် ရေကူးကန်အတွင်းလေ့ကျင့်ခြင်း အောင်မြင်ခဲ့သောကြောင့် ပုံမှန်လေ့ကျင့်ခန်းများပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ကော်တိုရစ်က ”ရေကူးကန်ထဲမှာ ပြုလုပ်တဲ့ လေ့ကျင့်ခန်းတစ်ခုစတင်နေပါပြီ။ အကောင်းဆုံးကြိုးစားနေပါတယ်။ မကြာခင်ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လာခဲ့ပါ့မယ်”ဟု အင်စတာဂရမ်တွင် ရေးသားဖော်ပြသွားခဲ့သည်။

ချဲလ်ဆီးအသင်းမှာ ပြီးခဲ့သည့်စနေနေ့တွင် နယူးကာဆယ်နှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲ၌ အဖွင့်ဂိုး ၂ ဂိုးပေးခဲ့ရပြီးနောက် ရာမီရက်စ်၊ ၀ီလျံတို့၏ ချေပဂိုးများဖြင့် သရေ ၁ မှတ်ပိုင်ဆိုင်ခဲ့ပြီး အဆိုပါပွဲတွင် ဂိုးသမားဘီဂိုဗစ်က ချဲလ်ဆီးအတွက် ၃ ကြိမ်တိုင်ကာကွယ်မှုပြုလုပ်ပေးခဲ့သည်။

comments

error: Content is protected !!