ချန်ပီယံလိဂ် ၂ ပွဲဆက်အနိုင်ဖြင့် စံချိန်သစ်တင်လိုကြောင်း ပီအက်စ်ဗီနည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488457176
မန်ယူနှင့်ပွဲစဉ်ကတွေ့ရသည့် ကိုကူး

ပီအက်စ်ဗီနည်းပြကိုကူးက ချန်ပီယံလိဂ်အုပ်စုပွဲစဉ်-၂အဖြစ် ရုရှားကလပ် CSKA မော်စကိုအသင်းနှင့်ပွဲစဉ်တွင်အနိုင်ကစားပြီး အသင်းသမိုင်းတစ်လျှောက်ပထမဦးဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်အုပ်စု ၂ ပွဲဆက်တိုက် အနိုင်ရလဒ်ဖြင့် စံချိန်သစ်တင်လိုကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။

ဟော်လန်ထိပ်သီးကလပ် ပီအက်စ်ဗီအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင် ပရီးမီးယားလိဂ်ကလပ်မန်ယူအသင်းအား အနိုင်ရရှိထားခဲ့ခြင်းကြောင့် ချန်ပီယံလိဂ်အုပ်စု(ခ)အား ဂျာမနီကလပ်ဝုဖ်ဘတ်နှင့်အတူ ဦးဆောင်လျက်ရှိ သည်။

“ပြိုင်ဘက်အသင်းက ပြည်တွင်းလိဂ်မှာရှုံးပွဲမရှိရလဒ်နဲ့ အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့အသင်းဖြစ်တဲ့အတွက် အဝေးကွင်းမှာ အခက်အခဲတချို့ရှိလာမှာသေချာပါတယ်။ ဒါပေမဲ့ အဖွင့်ပွဲစဉ်အနိုင်ရပြီးတိုင်း ဒုတိယပွဲစဉ်မှာအရေးနိမ့်လေ့ရှိတဲ့ အသင်းရဲ့စံချိန်ဆိုးကိုချိုးဖျက်ချင်ပါတယ်။ အထူးသဖြင့် အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲလုံးအနိုင်ကစားပြီး စံချိန်သစ်တစ်ခုတင်ချင်တာပါ။ အသင်းအနေနဲ့ လက်ရှိအခြေအနေအရ ပြိုင်ဘက်တိုင်းကို အနိုင်ယူဖို့ အသင့်ဖြစ်နေပါပြီ” ဟု နည်းပြကိုကူးက ဆိုခဲ့သည်။

ချန်ပီယံလိဂ်အုပ်စု(ခ)အဖွင့်ပွဲစဉ်များတွင် ပီအက်စ်ဗီက မန်ယူအား အိမ်ကွင်းတွင် ၂-၁ ဂိုးဖြင့်အနိုင်ရရှိထားခဲ့ပြီး ဂျာမနီကလပ်ဝုဖ်ဘတ်က ရုရှားကလပ် CSKA မော်စကိုအသင်းအား ၁-၀ ဂိုးဖြင့်အနိုင်ရရှိထားခဲ့သည်။

comments

error: Content is protected !!