နှစ်ဖက်သဘောတူညီချက်ဖြင့် စပါးနည်းစနစ်ဒါရိုက်တာ ဘယ်လ်ဒီနီ အသင်းမှ ထွက်ခွာ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပရီးမီယားလိဂ်ပွဲစဉ်တစ်ပွဲတွင်တွေ့ရသည့် ဘယ်လ်ဒီနီ

စပါးအသင်းနည်းစနစ်ဒါရိုက်တာဘယ်လ်ဒီနီသည် နှစ်ဖက်သဘောတူညီချက်ဖြင့် ရာထူးမှနုတ်ထွက်သွားကြောင်း စပါးအသင်းက အတည်ပြုကြေညာသွားခဲ့သည်။ အဆိုပါအီတလီလူမျိုး နည်းစနစ်ဒါရိုက်တာမှာ ပြီးခဲ့သည့်သြဂုတ်လတွင် စပါးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်သော်လည်း အသင်းကစားသမားများအပြောင်းအရွှေ့နှင့်ပတ်သက်၍ အကူအညီပေးရန် တာဝန်ဆက်လက်ထမ်းဆောင်နေခြင်းဖြစ်သည်။

ဘယ်လ်ဒီနီနှင့်ပတ်သက်၍ စပါးအသင်းက ”နှစ်ဖက်သဘောတူညီချက်ဖြင့် ဘယ်လ်ဒီနီထွက်ခွာသွားခဲ့ကြောင်း အတည်ပြုလိုက်သည်။ ရိုးမားအသင်းအထွေထွေဒါရိုက်တာဟောင်း ဘယ်လ်ဒီနီမှာ ၂၀၁၃ခုနှစ်၊ ဇွန်လတွင် စပါးသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ကာ အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးချိန်၌ ထွက်ခွာခဲ့ခြင်းဖြစ်သည်။ ဘယ်လ်ဒီနီ၏ အနာဂတ်ကောင်းမွန်ပါစေကြောင်း ဆန္ဒပြုပါသည်”ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရိုးမားမှ ရောက်ရှိလာခဲ့သော ဘယ်လ်ဒီနီမှာ စပါးတောင်ပံကစားသမားဂါရတ်ဘေးလ်ကို ရီးရဲလ်သို့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောင်းချပေးနိုင်ခဲ့သူဖြစ်ပြီး ပေါင် ၁၁၀.၅ သန်းအသုံးပြုကာ ကစားသမား ၇ ဦး ခေါ်ယူပေးနိုင်ခဲ့သည်။ ထိုကစားသမားများအနက် ရိုးမားမှ လာမယ်လာကို စပါးအသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၃၀ သုံးစွဲ၍ ခေါ်ယူပေးခဲ့သူဖြစ်သည်။

comments

error: Content is protected !!