မော်​ရင်​ညို​ ကုတ်​အ​င်္ကျီ​ ကို​လည်း ​လို​အပ်​ရင်​ ချွတ်​ရဲ​ ခဲ့​ပါ​တယ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
နယူးကာဆယ် နှင့် ပွဲတွင် စိတ်ပျက်နေသည့် ချဲလ်ဆီးနည်းပြ မော်ရင်ညို
နယူးကာဆယ် နှင့် ပွဲတွင် စိတ်ပျက်နေသည့် ချဲလ်ဆီးနည်းပြ မော်ရင်ညို

ရက်​ သ​တ္တ​ပတ် ​တစ်​ပတ်​ သည် ​များ​စွာ​သော​ သ​တင်း​များ​ကို ​ဘော​လုံး ​က​မ္ဘာ​ ကမ်း​ခြေ​ဆီ​ အ​ရောက်​ ပို့​ပြီး ​ပြန်​လည်​ ပြေး​ထွက်​ သွား​ကြ​သော​လှိုင်း​များ​ လို​ရှိ​လေ​သည်။ ​လှိုင်း​ က​လေး​များ၊ ​တစ်​ချို့​သော​ လှိုင်း​ က​လေး​များ​ က​တော့ ​မြင်​နေ​ကျ ​အ​တိုင်း​ အ​ဖြူ​ရောင်​ ပဲ​ဖြစ်​သည်။

ချန်​ပီ​ယံ​ လိဂ်​နှင့်​ ကက်​ပီ​တယ်လ် ​ဝမ်း​တို့​တွင် ​ဂိုး​သ​မား​ အော့စ်​ပင်​နာ​ကို​ အ​သုံး​ပြု​ခဲ့​သော ​အာ​စင်​ဝင်း​ဂါး​က ​ဒီ​ရာ​သီ​တွင် ​အ​ဆို​ပါ​ အော့စ်​ပင်​နာ​ နှင့်​ ပီ​တာ​ဆက်​ခ်ျ​တို့​ နှစ်​ဦး​ကို​ အ​လှည့်​ကျ​ ထုတ်​သုံး​ သွား​မည်​ဖြစ်​ကြောင်း ​အာ​စင်​ဝင်း​ဂါး​က ​ထုတ်​ဖော်​ပြော​ ဆို​ခဲ့​သည်။ ​ဒီ​သ​တင်း​သည်​ အ​ဖြူ​ရောင်၊ ​ကိုယ့်​ အ​သင်း​ အ​တွက် ​အ​ကောင်း​ ဆုံး​ဖြစ်​လာ​ မည့်​ အ​ရာ​ကို ​စဉ်​ဆက် ​မ​ပြတ်​ကြံ​ ဆ​နေ​ခြင်း​သည် ​နည်း​ပြ​ တစ်​ဦး ​၏​ကြည်​ လင်​သော​ အ​ဖြူ​ရောင်​ဟု​ ပဲ​ဆို​ရ​ လိမ့်​မည်။ ​ဒီ​သ​တင်း​ကို ​အာ​ဆင်​နယ်​၏ ​ဂ​န္တ​ဝင်​ ဂိုး​သ​မား​ဟောင်း ​ဒေး​ဗစ်​ ဆီးလ်​မင်း​က ​ယင်း​ ဆုံး​ဖြတ်​ချက်​မှာ​ မှား​ယွင်း​ကြောင်း၊ ​ဂိုး​သ​မား​ တစ်​ယောက်​ အ​တွက် ​စဉ်​ဆက်​ မ​ပြတ်​ က​စား​ရ​ခြင်း​က​ အ​ရေး​ကြီး​ကြောင်း၊ ​အ​လှည့်​ကျ​ က​စား ​ရ​ခြင်း​ က ​အ​ခက်​ အ​ခဲ​တွေ့​စေ​ နိုင်​ကြောင်း​ ထောက်​ပြ​ လာ​ပြန်​တော့ ​ကျွန်​တော်​ တို့​မှာ​ နွေး​ထွေး​ သွား​ပြန်​တာ​ပဲ​ မ​ဟုတ်​လား။ ​အ​တွေ့​ အ​ကြုံ​ကြီး​ မား​လွန်း​သော​ ဂိုး​သ​မား​ တစ်​ဦး​၏ ​ဝေ​ဖန်​မှု​ ကို​တော့ ​ခိုင်​မာ​ သော​ အ​ဖြူ​ရောင်​ဟု​ ဆို​ရ​မည်​ ထင်​သည်။

အာ​စင်​ဝင်း​ဂါး​ သ​တင်း​ တွေ​က ​မ​ပြီး​သေး။ ​အ​သက် ၆၆ နှစ်​ အ​ရွယ်​ လူ​သား​တစ်​ဦး​ အ​တွက် ​အ​ခြား​သော​ လှိုင်း​များ​က​ ရှိ​နေ​ပြန်​သည်။ ​လီ​ယာ​ အ​မည်​ရှိ ၁၈ နှစ်​ အ​ရွယ် ​သ​မီး​ တစ်​ဦး​ မွေး​ဖွား​ ပေး​ ခဲ့​ သော်​လည်း ၂၀၁၀ ခု​နှစ်​ က​မှ​ တ​ရား​ဝင်​ လက်​ထပ်​ ထား​ခဲ့​သော ​အ​မျိုး​သ​မီး ​အန်း​နီ​ နှင့်​ တ​ရား​ဝင်​ ကွာ​ရှင်း​ပြတ်​စဲ ​ခဲ့​ခြင်း​မှာ ​ကျွန်​တော်​တို့​ ရ​ရှိ​လိုက်​သော ​ကြေ​ကွဲ​ဖွယ် ​အ​နက်​ရောင်​ လှိုင်း​များ​ဖြစ် ​နိုင်​ပါ​သည်။ ​သ​တင်း​များ​ အ​ရ ​သူ​တို့​နှစ်​ဦး​ အ​တူ​ သွား​လာ​ခဲ့​သည်​ကို ​နောက်​ဆုံး ​မြင်​တွေ့​ခဲ့​ကြ​ ရ​သည်​မှာ ၂၀၁၄ ခု​နှစ်၊ ​ဇန်​န​ဝါ​ရီ​ တုန်း​က ​ဂျာ​မ​နီ​မှာ ​ဖြစ်​ကြောင်း​ လည်း ​သိ​ရ​ပြန်​သည်။ ​ကြာ​ပြီ​ပဲ၊ ​အ​တွင်း​မှာ ​လှိုက်​လောင်​နေ​သော​ မီး​အ​ကြောင်း ​ကျွန်​တော်​တို့​ မ​သိ​နိုင်​ သ​လို​မြင်​လည်း​ မ​မြင်​နိုင်​ကြ​ပေ။ ​သို့​သော် ​အန်း​နီ​ က​လည်း ​အာ​စင်​ဝင်း​ဂါး​ အ​ရင်​ အိမ်​ထောင်​ ဆက် ​တစ်​ခု ​ရှိ​ခဲ့​ဖူး​ သ​လို (​ဘတ်​စ​ကက်​ဘော​ က​စား​သ​မား ​ဘ​ရို​စ​တာ​ဟော့စ်​ ဆို​လား)​ ကျွန်​တော်​တို့​ရဲ့​ ပါ​မောက္ခ အို​က​လည်း ​အ​သက်(၃၉)​နှစ်​အ​ရွယ် ​ပြင်​သစ်​ ရက်​ ပါ​ အ​ဆို​တော် ​ဆို​နီ​ယာ​တာ​တာ​နှင့် ​ဇာတ်​လမ်း​ စ​နေ​တာ​ကြောင့်​ လည်း​ဖြစ်​နိုင်​ကြောင်း ​သ​တင်း​များ​ က​ဆို​ပါ​သည်။ ​အိုး.. ​ဒီ​လှိုင်း​တွေ​ က​တော့ ​ရ​မ္မက်​ကို​ ကိုယ်​စား​ပြု​သော​ အ​ဝါ​ရောင်​လှိုင်း​ များ​ပဲ​ဖြစ်​နိုင်​ ပါ​သည်။ ​လော​က​တွင် ​ထိန်း​သိမ်း​ စောင့်​ရှောက်​ အပ်​သော​ ကျင့်​ဝတ်​များ၊ ​စာ​ချုပ်​စာ​တမ်း​များ​ ရှိ​နိုင်​သ​လို ​အဲ့​ဒါ​တွေ​ အား​လုံး​ကို ​တော်​လှန်​ဆန့်​ကျင်​ ရန် ​ခိုင်​လုံ​ သွား​သော​ ချစ်​ခြင်း​တ​ရား​ လည်း​ရှိ​နိုင်​ပါ​သည်။

ဒေါ​သ​ကို​ ကိုယ်​စား​ပြု​သော ​လှိုင်း​များ​က​တော့ ​အ​နီ​ရောင်​ လှိုင်း​များ​ဟု​ ဆို​ရ​မ​လား​ မ​သိ​နိုင်​ပါ​ချေ။ ​သ​တင်း​ အ​ရင်း​အ​မြစ်​ က​တော့​ကြာ​ခဲ့​ ပါ​ပြီ။ ​ချဲလ်ဆီး​နှင့်​ ဆွမ်​ဆီး​ပွဲ ​က​စား​စဉ်​က ​မော်​ရင်​ညို​နှင့်​ အ​သင်း​ ဆ​ရာ​ဝန်​ အီ​ဗာ​ကာ ​နိုင်း​ရို​တို့​ ထိပ်​တိုက်​ တွေ့​ခဲ့​ကြ​တာ၊ ​ဟာ​ဇက်​ လဲ​ကျ​စဉ် ​အ​ကူ​ဆေး​ အ​ဖွဲ့​ဝင်​ တစ်​ဦး​ ခေါ်​ယူ​ပြီး ​ကွင်း​ထဲ​ ပြေး​ဝင်​ သွား​ခဲ့​ခြင်း​အား ​မော်​ရင်​ညို​ ဘက်​က​ ပေါက်​ကွဲ​ ခဲ့​တာ​ဖြစ်​သည်။ ​အ​စ​က​ တည်း​က ​က​စား​သ​မား​ တစ်​ယောက်​လျော့ ​နေ​ချိန်​မှာ ​အီ​ဗာ​ကာ​နိုင်း​ရို​ ၏ ​မ​ပါး​နပ်​မှု​ကြောင့် ​ဟာ​ဇက်​ပါ​ ကွင်း​ အ​ပြင်​ ထွက်​ပေး​ ခဲ့​ရ​ခြင်း​ကို
မော်​ရင်​ညို​ ဘက်​က​ ပေါက်​ကွဲ​ခဲ့​ တာ​လည်း​ဖြစ်​သည်။ ​အ​သင်း​ ဆ​ရာ​ဝန်​မ​လေး​ ဘက်​က​လည်း ​ဟာ​ဇက်​ လဲ​ကျ​နေ​စဉ်​မှာ ​ဘယ်​လို​စိတ်​ နှင့်​ ဥ​ပေက္ခာ ပြု​ရ​မ​လဲ​ မေး​ခွန်း​ပြန်​ထုတ်​ ခဲ့​ပုံ​ရ​ပါ​သည်။ ​နောက်​တော့ ​မော်​ရင်​ညို​ဘက်​က ​သူ​မ​ကို​ ဆက်​လက်​ အ​သုံး​ပြု​ လို​ခြင်း​ မ​ရှိ​တော့​ကြောင်း ​သ​တင်း​တွေ​ တက်​လာ​ပြီး ​ကျွန်​တော်​တို့​ အာ​ရုံ​မှ​လည်း​ ထွက်​ခွာ ​အေး​စက်​သွား​ခဲ့​သည်။ ​သို့​သော် ​နိုင်​ပွဲ​တွေ​ပြန်​ ဆက်​လာ​သ​လို ​စိတ်​တည်​ငြိမ်​မှု​ လည်း​ပြန်​ရ​လာ​ ပုံ​ပေါ်​သော ​မော်​ရင်​ညို​က ​သူ​မ​ကို​ အ​လုပ်​ပြန်​ဝင်​ဖို့​ အ​ကြောင်း​ကြား​ ခဲ့​သည်​ဆို​လား။ ​မိုက်​တယ်၊ ​လေး​နက်​အပ်​သော ​ဆ​ရာ​ဝန်​ယောင် ​ဆောင်​ထား​သည့် ​ကျား​သစ်​မ​လေး ​တစ်​ဦး​ပေ​ပဲ။ ​အ​လုပ်​ပြန်​ဝင်​ရန် ​သူ​မ​ဘက်​က ​ငြင်း​ဆန်​ခဲ့​သည့်​ အ​ပြင် ​မော်​ရင်​ညို​၏​ ရိုင်း​ပျ​စွာ​ အော်​ဟစ်​ ဆဲ​ဆို​ခဲ့​ခြင်း​များ​ အ​တွက် ​ဥ​ပ​ဒေ​ကြောင်း​ အ​ရ​ ရင်​ဆိုင် ​သွား​မည်​ဖြစ်​ ကြောင်း​လည်း ​ပြန်​လည်​ အ​ကြောင်း​ကြား​လိုက်​ လေ​သည်။ ​လှိုင်း​များ၊ ​ရဲ​ရင့်​သော​ အ​နီ​ရောင်​တွေ..။

ကွင်း​ထဲ​မှ​ ပ​ရိ​သတ်​ တစ်​ဦး​က ​မော်​ရင်​ညို​သည် ​ကာ​နိုင်း​ရို​ကို​ ပေါ်​တူ​ဂီ​ ဘာ​သာ​စ​ကား​ဖြင့် ‘ Filha da puta’ ​ဟု​ ဆဲ​ရေး​ခဲ့​ခြင်း ​ဖြစ်​ကြောင်း ​ဆေး​ဝင်​ ထိုး​ခဲ့​တာ ​လည်း​ဖြစ်​သည်။ ​အ​ဓိ​ပ္ပာယ်​က ‘​ပြည့်​တန်​ဆာ​မ​ သ​မီး’​ဟု​ ဆို​ပါ​သည်။ ​ရိုင်း​လိုက်​တဲ့​ လှိုင်း​ပဲ။ ​ကာ​နိုင်း​ရို​ ကို ​ကိုယ်​တွေ​မိ​သား​စု​ဝင်​ တစ်​ဦး​လို​ သ​ဘော​ထား ​ကြည့်​ရုံ​မျှ​နှင့် ​ဒီ​ဆဲ​ရေး​မှု​ကို​ တ​သက်​သက် ​နာ​ကျင်​ လာ​နိုင်​ပါ​ လိမ့်​မည်။ ​မော်​ရင်​ညို​ဘက်​ က​တော့ ‘Filho da puta’​ ဟု ​ပြော​ခြင်း​သာ ​ဖြစ်​ကြောင်း​ တုန့်​ပြန်​ခဲ့​ ပါ​သည်။ ​အဲ့​ဒီ​စ​ကား​ က​တော့ ‘​ခွေး​မ​သား’​ ဆို​ပဲ။ ​အ​မှန်​ က​တော့ ​နိုင်​လို​ စိတ်​ပြင်း​ပျ​ နေ​သူ၊ ​အ​ရေး​ပေါ်​ အ​ခြေ​အ​နေ​ တစ်​ရပ်​ ကို​ကြီး​ကြပ်​ နေ​ရ​ သူ​ တစ်​ဦး​နှုတ်​မှ ​က​မ္ဘာ​ကျော်​ တန်​ဖိုး​ကြီး​ ရေ​မွှေး​နံ့​ တွေ​နဲ့​ တစ်​ထပ်​တည်း​ပဲ​ ဆို​ရ​လောက်​သည့် ​မွှေး​မြ​ ချို​သာ​သော ​စ​ကား​သံ ​တွေ​ ဘယ်​လို​များ ​ကြား​ရ​နိုင် ​ပါ့​မ​လဲ။ ​မှား​ခဲ့​တာ​တော့​ မှား​ခဲ့​ပြီး​ပြီ။ ​အဲ့​ဒီ​ အ​မှား​ကို ​ဘယ်​လို​ ကု​စား​ကြ​ မ​လဲ။ ​အ​ပြန်​အ​လှန်​ နား​လည်​မှု​ ရ​သည်​အ​ထိ ​ရင်​ကြား​စေ့​ ဆွေး​နွေး​ပွဲ​များ ​လည်း​လို​ကောင်း ​လို​နိုင်​ပါ​သည်။ ​အ​သင်း​အ​တွက် ​ဆို​သော ​ရည်​ညွ​နှ်း​မှု​ တစ်​ခု​ကို ​စား​ပွဲ​ အ​ပေါ်​ဖြန့်​ခင်း​ ထား​ရင်း ​အာ​ဃာ​တ ကင်း​မဲ့​မှု၊ ​သ​ဘော ​ထား​ကြီး​မှု၊ ​အ​ပြန်​ အ​လှန်​ ဝန်​ချ​တောင်း​ပန်​တတ်​မှု​များ​ နှင့် ​ဆွေး​နွေး​လျှင် ​ငြိမ်း​ချမ်း​ရေး ​ဖြစ်​ပေါ်​မ​လာ​နိုင်​ ဘူး​လား။ ​ဒါ​က​တော့ ​အ​နီ​ရောင် ​များ​နောက်​မှ ​ရင့်​ကျက် ​တည်​ငြိမ်​သော ​အ​ပြာ​ရောင်​လှိုင်း​ များ​ဖြစ်​နိုင်​ ပါ​သည်။

မော်​ရင်​ညို​ အ​ကြောင်း​ ပြော​လို့​ က​တော့ ​စ​ကား​ဖြတ်​ လို့​ရ​မည်​ မ​ဟုတ်။ ​ပြီး​ခဲ့​သည့်​ အ​ပတ်​က ​အာ​ဆင်​နယ်​ကို​ အ​နိုင်​ရ​သော ​ပွဲ​တွင် ​မော်​ရင်​ညို​၏​ ချစ်​စွာ​သော ​ဒီ​ယေ​ဂို​ ကော်​စ​တာ​ တစ်​ယောက် ​ပြိုင်​ဘက်​ က​စား​သ​မား​ တစ်​ယောက်​၏ ​ပြုတ်​မ​နူး​ နိုင်​မှု​ကို ​လှည့်​စား​ အ​သုံ​ချ​ပြီး ​ကွင်း​အ​တွင်း​မှ​ ထွက်​ခွာ​ သွား​ရန်​ကြံ​ စည်​ခဲ့​မှု​မှာ ​လူ​ပြော​ များ​ခဲ့​ပါ​သည်။

အာဆင်နယ်နှု့် ပွဲတွင် တွေ့ရသည့် ချဲလ်ဆီးနည်းပြ မော်ရင်ညို

အာဆင်နယ်နှင့် ပွဲတွင် တွေ့ရသည့် ချဲလ်ဆီးနည်းပြ မော်ရင်ညို  (Photo : gettyimages)

အ​မှန်​က ​ချဲယ်​ဆီး​ အ​သင်း​သား ​အား​လုံး​၏​ နိုင်​လို​စိတ်၊ ​ဆာ​လောင်​မှု ​အ​ခြေ​ခံ​သော​ က​စား​ဟန်​ များ​ကြောင့် ​အာ​ဆင်​နယ်​ ဘက်​မှ ​တ​ဖြည်း​ဖြည်း​ နောက်​ဆုတ်​ ပေး​နေ​ရ​သော ​အ​ချိန်​ လည်း​ဖြစ်​လေ ​သည်။ ​အ​ခု​တော့ ​ဒီ​ယေ​ဂို ​ကော်​စ​တာ​ကြောင့် ​ဂါ​ဘ​ရီ​ယဲယ်​ ထွက်​ခွာ​ သွား​ရ​ပြီး ​အဲ့​ဒီ​ နောက်​ပိုင်း​မှ ​အ​နိုင်​ဂိုး ​သွင်း​ယူ​ခဲ့​သော ​နိုင်​ပွဲ​ကို ​ဘယ်​သူ​ တွေ​က​များ ​လက်​ခုပ်​သံ​ ခွဲ​တမ်း​ချ​ပေး​ နိုင်​တော့ ​မည်​နည်း။ ​ချဲလ်ဆီး​ တစ်​သင်း​လုံး​ အ​တွက်​ သာ​မ​က ​သူ​တို့​ ပ​ရိ​သတ်​များ ​အ​တွက်​ပါ ​ဒီ​နိုင်​ပွဲ​က​ အ​ရေး​ကြီး​ ပါ​သည်။ ​သို့​သော် ​ဒီ​ယေ​ဂို​ ကော်​စ​တာ ​ခြစ်​ရာ​များ​နှင့်​ ဆို​တော့ ​ဘယ်​သူ​က​မှ​ သိမ်း​မ​ထား​ချင်။

လူ​သည် ​အ​ခါ​အား​လျော်​စွာ ​မိ​မိ​ ကိုယ်​တိုင်​ ညစ်​ကျယ်​ကျယ်​ ဖြတ်​သန်း​ရ​သော​ အ​ချိန်​ခါ​တွေ​ ရှိ​နိုင်​သော်​လည်း ​သူ​တစ်​ပါး ​အဲ့​ဒီ​ အ​မှု​ ကျူး​လွန်​လျှင် ​ခွင့်​မ​လွ​တ် တတ်​သော​ အ​မျိုး​အ​စား​ ထဲ​ ပါ​ဝင်​ပါ​သည်။ ​ဒီ​ယေ​ဂို​သည် ​ဗီ​ဇ​ကို​က ​အဲ့​ဒီ​လို​ လှည့်​စား​ အ​နိုင်​ ယူ​တတ်​သူ​ တစ်​ဦး​ဖြစ်​ပြီး ​ဘော​လုံး​ ကွင်း​ထဲ​တွင် ​အဲ့​ဒါ​ကို​ မ​ဟာ​ဗျူ​ဟာ ​မြောက်​ အ​သုံး​ချ​ဖို့ ​ရှာ​ဖွေ​တွေ့​ရှိ​ ထား​သူ​ တစ်​ဦး​လည်း ​ဖြစ်​သည်။ ​ဒီ​လို​ လူ​မျိုး​တွေ​ ကို​ပြောင်း​လဲ​ပေး​ လို့​မ​ရ၊ ​ဒီ​လို​အောင်​ပွဲ​တွေ​ကို​ အ​ရ​သာ​ တွေ့​နေ​ပြီ​ဖြစ်​ သ​လို ​တစ်​က​မ္ဘာ​လုံး​ ဝိုင်း​ဝန်း​ မေ​တ္တာ​ ပို့​နေ​ကြ​သည်​ များ​က ​သူ့​နှ​လုံး​သား​ထဲ​မ​ဟုတ်၊ ​သူ့​အ​ရိုး​ကြား​ထဲ​ ပင်​ရောက်​ပုံ​မ​ပေါ်။

ကျွန်​တော်​သည် ​သူ့​ကို ​အက်​သ​လက်​တီ​ကို​မှာ​ က​တည်း​က ​နှစ်​လို​ခဲ့​သူ ​တစ်​ဦး​ မ​ဟုတ်​ပါ။ ​ချဲယ်​ဆီး​မှ​ ဝယ်​ယူ​တော့​မည်​ လည်း​ဆို​ရော ​ကျွန်​တော့်​မှာ​ စိတ်​ပျက်​လိုက် ​သည့်​ဖြစ်​ခြင်း။ ​သို့​သော် ​သူ​က ​တိုက်​စစ်​မှုး​ တစ်​ဦး​သာ​ဖြစ်​သည်။ ​ချဲယ်​ဆီး​တွင် ​သူ​လို​ က​စား​သ​မား​မျိုး​ တစ်​ယောက်​ကို​ လမ်း​ခွဲ​ရန် (​သို့​မ​ဟုတ်)​ မောင်း​ထုတ်​ရန်​ ဘာ​အ​ခက်​အ​ခဲ​မှ ​ရှိ​မ​နေ​နိုင်​ပါ။

အဲ့​ဒီ​လို​ က​စား​သ​မား​မျိုး​ ကို​မှ ​ဒီ​လို​စိတ်​ဓာတ်​နှင့်​ အ​ရိုင်း​ဆန်​သော​ တိုက်​စစ်​မှုး​တွေ ​ပ​ရီး​မီး​ယား​လိဂ်​မှာ​ လို​အပ်​ကြောင်း၊ ​ဖျော်​ဖြေ​ရေး​နဲ့​ အ​တူ​ပြင်း​ထန်​သော ​ပြိုင်​ဆိုင်​မှု​ကို​ ဖြစ်​ပေါ်​စေ​ နိုင်​ကြောင်း ​ဆို​လာ​တော့ ​ကျွန်​တော့်​မှာ​ ပေါက်​ကွဲ​လို့​ မ​ဆုံး။ ​ကျွန်​တော်​ တို့​သည် ​ကိုယ့်​မိ​သား​စု​ဝင်​များ၊ ​ကိုယ့်​ တ​ပည့်​များ၊ ​ကိုယ့်​ နိုင်​ငံ​သား​များ​ အ​ပေါ်​ ကာ​ကွယ်​ရန်​ တာ​ဝန်​ရှိ​ပါ​သည်။ ​သို့​သော် ​စိတ်​ဓာတ်​ အ​ထက်​တန်း​ ကျ​သော ​လူ​မျိုး​များ ​က​တော့ ​အဲ့​ဒါ​တွေ​ အား​လုံး​ထက် ​အ​မှန်​တ​ရား​ကို​ ကာ​ကွယ်​ရန်​ ပို​လို့​ အ​လို​ရှိ​ကြ​ပါ​သည်။

comments

error: Content is protected !!