အမျိုးသမီး ဆီမီးပရိုလိဂ် ၂၀၁၆ တွင် အသင်း ၈သင်းဖြင့် ကျင်းပမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
HO CHI MINH CITY, VIETNAM - MAY 17: Than Than Htwe of Myanmar is checked by Gu Yasha of China during the AFC Women's Asian Cup Group B match between Myanmar and China at Thong Nhat Stadium on May 17, 2014 in Ho Chi Minh City, Vietnam.  (Photo by Stanley Chou/Getty Images)
ကွင်းလယ်ကစားသမား သန်းသန်းထွေးယှဉ်ပြိုင်ကစားဟန်။

ရန်ကုန်၊စက်တင်ဘာ ၂၇။

အောင်သော်ဖြိုး။

မြန်မာအမျိုးသမီး ဘောလုံးလောက မျိုးဆက်ပြတ်တောက်နေသည့် ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက်အ သင်း ၈သင်းပါဝင်မည့် အမျိုးသမီး ဆီမီးပရိုလိဂ်ကို ၂ဝ၁၆ ခုနှစ်တွင် ကျင်းပရန် မဖြစ်မနေ စီစဉ်သွားမည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ပထမအကြိမ် MFF ညီလာခံတွင် ပြောဆိုခဲ့သည်။

အမျိုးသမီးလိဂ်ကို ဒီနှစ် ကျွန်တော်တို့စဖို့ မဖြစ်နိုင်ပါဘူး။ မလုပ်ဘူးဆိုရင် ကျွန်တော်တို့ အိမ်ပြန်အိပ်နေ ဖို့ပဲရှိတယ်။ အမျိုးသမီးလိဂ်ဥက္ကဌ အဖြစ် ဦးလှဌေး ကိုခန့်အပ်ပြီး မဖြစ်မနေလုပ်ဆောင်သွားမှာပါ ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်က ဆိုသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် ၂ဝ၁၄ ခုနှစ်ကတည်းက အမျိုးသမီးလိဂ်ပြိုင်ပွဲကို ကျင်းပရန် စီစဉ်နေသော်လည်း လက်ရှိအချိန်အထိ ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအတွက် ကစားသမား ရွေးချယ်ရန်အခက်အခဲများရှိနေပြီး အာဆီယံ အဓိက ပြိုင်ဘက် ထိုင်းကို မယှဉ်ပြိုင်နိုင်ဘဲ ရှိနေခဲ့သည်။

အမျိုးသမီးလိဂ် ကျင်းပခြင်းကြောင့် ကစားသမားအသစ်များ ပေါ်လာနိုင်ပြီး လက်ရှိအချိန်တွင် ကလပ်အ သင်းများမှ အမျိုးသမီးအသင်း ဖွဲ့ချင်သော်လည်း ကစားသမားရှားပါးခြင်းကြောင့် အခက်အခဲရှိနေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးက ပြောသည်။

မြန်မာ အမျိုးသမီးဘောလုံးအသင်း မှ အဓိက ကွင်းလယ် ကစားသမား သန်းသန်းထွေး နှင့် တိုက်စစ်မှူး စန်းစန်းမော်တို့အိုလံပစ်ခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်များအပြီးတွင် အနားယူသွားခဲ့ပြီး မြန်မာအမျိုးသမီး အသင်း၏ အနာဂတ်ကို ပရိသတ်များကစိုးရိမ်ပူပန်မှုရှိနေသည်။

comments

error: Content is protected !!