မြန်မာ ယူ-၁၉ ကစားသမား ၈ဦး ဝမ်းရောဂါ ခံစားနေရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
IMG_20150927_145912
အာရှ ယူ-၁၉ ခြေစစ်ပွဲစဉ်နှင့် ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်

ရန်ကုန်၊စက်တင်ဘာ ၂၇။

အောင်သော်ဖြိုး။

အာရှ ယူ-၁၉ ခြေစစ်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ အသင်းမှ ကစားသမား ၈ဦး ဝမ်းရောဂါ ခံစားနေရပြီး အဓိက ကစားသမား ၂ဦး ဒဏ်ရာရနေကြောင်း မြန်မာ ယူ-၁၉ အသင်းနည်းပြ ဂတ်ဖရိုင်းဒရစ်ခ်ျ က စက်တင်ဘာ ၂၇ရက်နေ့က ကျင်းပခဲ့သည့် အုပ်စုအကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ တစ်ပတ်ဟာ မြန်မာ ယူ-၁၉ အသင်းအတွက် ကံမကောင်းတဲ့ ရက်သတ္တပတ်ပါ။ အသင်းအဓိက ကစားသမား ၂ ယောက် ဒဏ်ရာရပြီး ကစားသမား ၈ဦးလောက် ဝမ်းရောဂါကို ခံစားနေရပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာယူ၁၉အသင်းမှ ၀မ်းရောဂါခံစားနေရသည့် (၈)ဦးတွင်(၂)ဦးမှာဆေးရုံသို့တင်ပို့ခဲ့ရပြီး virusကြောင့် ယင်းသို့ဝမ်းရောဂါခံစားခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာ ယူ-၁၉ အသင်း အဓိက ကစားသမား ရဲရင့်အောင်  ခြေကျင်းဝတ်ဒဏ်ရာ နှင့် စိုးမိုးထွန်း လက်ဖျံရိုးကျိုးသည့် ဒဏ်ရာများ ရရှိထားပြီး ပြိုင်ပွဲတွင် စိုးမိုးထွန်းပါဝင်နိုင်ပြီး ရဲရင့်အောင်၏ အခြေအနေကို စောင့်ကြည့်သွားရအုန်းမည်ဟု မြန်မာ ယူ-၁၉ အသင်းမှ သိရသည်။

လက်ရှိ မြန်မာ ယူ-၁၉ အသင်း၏ ခြေစွမ်းမှာ ယခင် ကမ္ဘာ့ဖလားဝင်ခွင့် ရရှိခဲ့သည့် ယူ-၁၉ အသင်းလောက် ခြေစွမ်းမကောင်းမွန်သော်လည်း ထိုင်း နှင့် ခြေစမ်းခဲ့သည့် နောက်ဆုံး ခြေစမ်းပွဲနောက်ပိုင်း ကစားပုံ ပိုမိုကောင်းမွန်လာပြီး အာရှခြေစစ်ပွဲအောင်ရေး အစွမ်းကုန် ကြိုးစားသွားမည်ဟု ဂတ်ဖရိုင်းဒရစ်ခ်ျ ကဆိုသည်။

မြန်မာ ယူ-၁၉ အသင်းသည် အရှေ့တီမော၊ ဟောင်ကောင်၊ ဗီယက်နမ်၊ ဘရူနိုင်းအသင်းများနှင့် အုပ်စုတွင်း ယှဉ်ပြိုင်ရမည် ဖြစ်ပြီးမြန်မာအသင်း ဗီယက်နမ် နှင့် ဟောင်ကောင် အသင်းများကို အဓိကထားယှဉ်ပြိုင်ရ မည်ဟု နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ခ်ျ က သုံးသပ်ထားသည်။

comments

error: Content is protected !!