ကျော်မင်းဦး အနိုင်ဂိုးဖြင့် အောင်ဆန်းဒိုင်း ချန်ပီယံဖြစ်ခဲ့တဲ့ ဧရာဝတီအသင်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
12047060_606208916184591_6551496771930763790_n
ဗိုလ်ချုပ်အောင်ဆန်းဒိုင်းအားဧရာဝတီအသင်းမှလက်ခံရယူနေစဉ်

ရန်ကုန်၊စက်တင်ဘာ ၂၇။

အောင်သော်ဖြိုး။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က ကြီးမှူးကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲအဖြစ် ရတနာပုံအသင်း နှင့် ဧရာဝတီ အသင်းတို့ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၄နာရီ၊ အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြပြီး ဧရာဝတီအသင်းက ရတနာပုံအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကို  ရခဲ့သည်။

ရတနာပုံအသင်းက အောင်သူ၊ ရှိုင်းသူရ၊ စည်သူအောင်၊ ရဲကိုဦး၊ ကိတ်၊ မက်ဆီမန် ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာခဲ့သလိုဧရာဝတီအသင်း ကလည်း မိုးဝင်း၊ သီဟဇော်၊ နေလင်းထွန်း၊ ကျော်မင်းဦး၊ ရစ်ဆီ တို့ဖြင့် အောင်ဆန်းဒိုင်ကို ပိုင်ဆိုင်ခွင့် ရရေး အကောင်းဆုံးပြင်ဆင်ပွဲထွက်လာသည်။

ပထမပိုင်းတွင် ဧရာဝတီအသင်း အချိတ်အဆက် မမိသေးဘဲ ရတနာပုံအသင်း၏ ဖိအားပေး ကစားခြင်း ခံထားရပြီး ပွဲချိန် ၂၃ မိနစ်တွင် ရတနာပုံအသင်း ရရှိသည့် ထောင့်ကန်ဘော ကန်တင်ချက် ဧရာဝတီ ဂိုးသမား ကိုကျော်ကာ ရတနာပုံကစားသမား Moukailou ထံရောက်ပြီး အသာအယာပိတ်သွင်းကာ ရတနာပုံအသင်း ဦးဆောင်ဂိုးရခဲ့ပြီး ပထမပိုင်းအတွင်း ဧရာဝတီအသင်း ပြန်လည်မချေပနိုင်ဘဲ ရတနာပုံ ၁-၀ ဧရာဝတီ ပထမပိုင်းရလဒ် ထွက်ပေါ်ခဲ့သည်။

ဒုတိယပိုင်း တွင် ဧရာဝတီအသင်း ကစားပုံ ပိုကောင်းလာပြီး ပွဲချိန် ၅၁မိနစ်တွင် တိုက်စစ်မှူး Lazar နောက်တန်းများကို ကျော်ဖြတ်ပြီး ကန်သွင်းချက်ဂိုးပေါက်နှင့် လွဲချော်ခဲ့သဖြင့် ဧရာဝတီအသင်း နစ်နာခဲ့သည်။ ပွဲချိန် ၅၂မိနစ်တွင် ခြေစွမ်းမပြနိုင်သည့် လာဇာ အစား အောင်ကျော်နိုင်၊ နေလင်းထွန်းအစား နိုင်လင်းဦးကို ထည့်သွင်းခဲ့ပြီး ဧရာဝတီ အသင်း ချေပဂိုးသွင်းယူနိုင်ရန် ကြိုးပမ်းခဲ့ပြီး ရတနာပုံအသင်းကလည်း အနိုင်ရလဒ်ကို ထိန်းထားနိုင်ရေးမျိုးကိုထွန်းအစား နိုင်လင်းဦး ကို ထည့်သွင်းခဲ့သည်။

ဧရာဝတီအသင်း  ၆၅မိနစ်တွင် ကွင်းလယ်မှ ဖြတ်တင်သည့်ဘောလုံးကို တိုက်စစ်မှူး ရစ်ဆီ ပိတ်သွင်းပြီး ချေပဂိုးသွင်းယူခဲ့ပြီး မကြာမီ ဧရာဝတီအသင်းမှ သီဟဇော်ကို ရတနာပုံအသင်းမှ သက်နိုင် ဖြတ်ထုတ်ပုံကြမ်းတမ်းသဖြင့် တိုက်ရိုက်အနီကတ် ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

တစ်ယောက်လျော့ ရတနာပုံအသင်းကို ဧရာဝတီအသင်း အသာဖြင့် ကစားနိုင်လာပြီး ၇၁မိနစ်တွင် ကျော်မင်းဦး ဧရာဝတီအသင်းအတွက်အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ရတနာပုံအသင်းကို ပွဲပြီးချိန်အထိ ထိန်းကစားနိုင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားပြိုင်ပွဲ ချန်ပီယံဆုကိုရရှိခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲကို ပရိသတ် ၅ဝဝ လာရောက်ကြည့်ရှုခဲ့ပြီး အနိုင်ရသည့် ဧရာဝတီအသင်းကို ငွေကျပ် ၃ဝဝကျပ် နှင့်၂၀၁၆ အေအက်ဖ်စီ ပြိုင်ပွဲကိုလည်း ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး  ဒုတိယဆုရရှိသော ရတနာပုံအသင်းကို ကျပ်သိန်း ၁၅ဝ အသီးသီးချီးမြှင့်ခဲ့သည်။

comments

error: Content is protected !!