အင်တာမီလန်မှာ ဖိအားဒဏ်စတင်ခံစားနေရပြီဖြစ်ကြောင်း ဖီအိုရင်တီးနားနည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489703364
ဘိုလော့နာနှင့်ပွဲစဉ်တွင်တွေ့ရသည့် ပေါ်လိုဆိုဆာ

ဖီအိုရင်တီးနားနည်းပြ ပေါ်လိုဆိုဆာက အမှတ်ပေးဇယားအား ဦးဆောင်နေသည့် အင်တာမီလန်အသင်းအနေဖြင့် ဖိအားဒဏ်များစတင်ခံစားနေရပြီဖြစ်ကြောင်း၊ ပြိုင်ဘက်အသင်းအပေါ် အကောင်းဆုံးတုံ့ပြန်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဖွင့်ဟပြောကြားသွားခဲ့သည်။

အမှတ်ပေးဇယားအား ဦးဆောင်နေသည့် အင်တာမီလန်အသင်းအနေဖြင့် ဒုတိယနေရာမှ ဖီအိုရင်တီးနားအသင်းအား ၃ မှတ်ဖြတ်ထားနိုင်ခဲ့သော်လည်း ရှုံးပွဲမရှိရလဒ်ရရှိထားသည့်အတွက် ဖိအားပိုများနေကြောင်း နည်းပြဆိုဆာက သုံးသပ်ခဲ့ခြင်းဖြစ်သည်။

“လက်ရှိအခြေအနေအရ ဘယ်အသင်းက ဖိအားပိုများနေမလဲဆိုတာ အရှင်းကြီးပါ။ ကစားသမားကောင်းတွေပိုင်ဆိုင်ထားတဲ့အသင်းကို အကောင်းဆုံးတုံ့ပြန်နိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်။ ချန်ပီယံဆုအတွက် ပွဲစဉ်တိုင်းက အရေးကြီးလာပြီဖြစ်လို့ အမှားခံလို့မရပါဘူး။ ဒါပေမဲ့ အင်တာမီလန်အသင်းကတော့ ဖိအားဒဏ်အနည်းငယ်ရှိနေပါတယ်”ဟု နည်းပြဆိုဆာက ပြောကြားခဲ့သည်။

အင်တာမီလန်အသင်းသည် ရာသီသစ်စီးရီးအေပွဲစဉ် ၅ ပွဲအပြီးတွင် အတ္တလန္တာ၊ ကာပီ၊ အေစီမီလန်၊ချီယေဗို၊ ဗီရိုနာအသင်းများအား အနိုင်ရရှိထားခဲ့သည့်အတွက် ချန်ပီယံအသင်းအဖြစ်သတ်မှတ်ခံနေရသည်။ သို့သော် နည်းပြဆိုဆာ၏ မှတ်ချက်ပြုပြောကြားခဲ့ခြင်းနှင့်ပတ်သက်၍ အင်တာမီလန်နည်းပြ မန်စီနီက တစ်စုံတစ်ရာတုံ့ပြန်ခဲ့ခြင်းမရှိခဲ့ဘဲ အသင်းရလဒ်ကောင်းရရှိရေးအတွက်သာ ပိုမိုအာရုံစိုက်မည်ဖြစ်ကြောင်းဆိုသွားခဲ့သည်။

comments

error: Content is protected !!