နည်းပြရာထူးအတွက် စိုးရိမ်ပူပန်မှုမရှိကြောင်း လီဗာပူးနည်းပြ ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489680364
ကာလစ်လီနှင့်ပွဲစဉ်တွင် အသင်းခြေစွမ်းကြောင့် စိတ်ပျက်နေသည့်ရော့ဂျာ

ရလဒ်ပိုင်းဆိုးရွားနေမှုများကြောင့် အသင်းမှထွက်ခွာရန် ဖိအားပေးခြင်းခံနေရသည့် လီဗာပူးနည်းပြရော့ဂျာက ပရိသတ်များဖိအားပေးမှုကိုခံနေရသည့်အတွက် အပြောင်းအလဲဖြစ်လာနိုင်သည်ကို နားလည်ကြောင်းနှင့် ထိပ်တန်းနည်းပြများနှင့်အစားထိုးခံရမည့်သတင်းများအပေါ်တွင် စိုးရိမ်ပူပန်မှုမရှိကြောင်း ပြောကြားခဲ့သည်။

လီဗာပူးအသင်းပရိသတ်များအနေဖြင့် နည်းပြရော့ဂျာအား ရာထူးမှနုတ်ထွက်ရန် ဖိအားပေးတောင်းဆိုလျက်ရှိသည့်အပြင် ရာထူး မှထုတ်ပယ်ခဲ့ပါက ပေးချေရမည့်လျော်ကြေးကိုပါ အသင်းကိုယ်စားပေးချေရန် အသင့်ရှိကြောင်း အသင်းတာဝန်ရှိသူများထံအသိပေးထားခဲ့သည်။

“ပရော်ဖက်ရှင်နယ်နည်းပြတစ်ယောက်အနေနဲ့ လက်ရှိအခြေအနေအရပ်ရပ်ကိုနားလည်ပါတယ်။ နည်းပြရာထူးကနေနုတ်ထွက်မှာမဟုတ်သလို စိုးရိမ်ပူပန်စရာလည်း မရှိပါဘူး။ ဒါပေမဲ့ လီဗာပူးနည်းပြအဖြစ် ဆက်လက်ရပ်တည်ဖို့အတွက် ဖိအားအနည်းငယ်ရှိလာတာကိုတော့ လက်ခံပါတယ်”ဟု နည်းပြရော့ဂျာကဖွင့်ဟပြောကြားခဲ့သည်။

လက်ရှိထွက်ပေါ်နေသည့် သတင်းများအရ  နည်းပြရော့ဂျာ၏နေရာတွင် အစားထိုးမည့်နည်းပြစာရင်း၌ ဥရောပထိပ်သီးနည်းပြများဖြစ်သည့် ဒေါ့မွန်နည်းပြဟောင်း ယာဂင်ကလော့ပ်နှင့် ရီးရဲလ်နည်းပြဟောင်း အန်စလော့တီတို့က ရေပန်းအစားဆုံးဖြစ်နေသည်။

comments

error: Content is protected !!