ဖိအားမရှိသည့်ပရီးမီးယားလိဂ်နည်းပြမှာ အာဆင်နယ်နည်းပြတစ်ဦးတည်းသာရှိဟု မော်ရင်ညို ဝေဖန်တိုက်ခိုက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
456680662
ပြီးခဲ့သည့်ရာသီက အချင်းများနေသည့် အာစင်ဝင်းဂါးနှင့် မော်ရင်ညို

ချဲလ်ဆီးနည်းပြမော်ရင်ညို က ပရီးမီးယားလိဂ်တွင်တာဝန်ယူကိုင်တွယ်နေသည့် နည်းပြတိုင်း ဖိအားရှိသော်လည်း နည်းပြတစ်ဦးသာ ဖိအားမရှိကြောင်း၊ ရလဒ်ပိုင်းဆိုးရွားခဲ့သည့်တိုင် နည်းပြရာထူးအား ဆက်လက်တာဝန်ယူထားနိုင်သည့်အပေါ် လေးစားမိကြောင်း အာဆင်နယ်နည်းပြအာစင်ဝင်းဂါးအပေါ် ဝေဖန်ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်ထိပ်သီးနည်းပြ ၂ ဦးဖြစ်သည့် မော်ရင်ညိုနှင့် အာစင်ဝင်းဂါးတို့နှစ်ဦးသည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီက အချင်းများခဲ့ရာမှတစ်ဆင့် အပြန်အလှန်ဝေဖန်ပြောကြားမှုများပြုလုပ်ခဲ့ခြင်းကြောင့် နှစ်ဦးကြား တင်းမာမှုများပိုမိုမြင့်တက်လာခဲ့သည်။

“ပရီးမီးယားလိဂ်မှာတာဝန်ယူနေတဲ့ နည်းပြတိုင်း ဖိအားကိုယ်စီရှိပါတယ်။ မက္ကလာရင်၊ ရော့ဂျာ၊ ပယ်လီဂရီနီတို့မှာလည်း ဖိအားကိုယ်စီနဲ့ပါ။ ဒါပေမဲ့ နည်းပြတစ်ဦးကတော့ ဘာဖိအားမှမရှိပါဘူး။ ရလဒ်မကောင်းခဲ့တာတောင် နည်းပြအဖြစ်ဆက်လက်တာဝန်ယူခွင့်ရတာက အံအားသင့်စရာပါ။ အောင်မြင်မှုတွေမရယူပေးနိုင်ပေမယ့် ဘုရင်တစ်ယောက်လို နည်းပြနေရာမှာ ဆက်ရှိနေဆဲပါပဲ ” ဟု နည်းပြမော်ရင်ညို က ဆိုခဲ့သည်။

ဖိအားမရှိသည့်နည်းပြနှင့်ပတ်သက်၍ သတင်းထောက်များမှ ဆက်လက်မေးမြန်းရာတွင် နည်းပြမော်ရင်ညိုက အဆိုပါပုဂ္ဂိုလ်မှာ ချဲလ်ဆီးအသင်းအား အရေးနိမ့်ပြီးတိုင်း အမြဲညည်းတွားနေသည့် နည်းပြတစ်ဦးဖြစ်ကြောင်းဖြေကြားသွားခဲ့သည်။

comments

error: Content is protected !!