မိန့်ဇ်အားအနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ဘိုင်ယန်တိုက်စစ်မှူး လီဝမ်ဒေါစကီး လိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490117558
ဂိုး ၁၀၀ မြောက်သွင်းယူပြီး အောင်ပွဲခံနေသည့် လီဝမ်ဒေါစကီး

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါစကီးသည် မိန့်ဇ်အသင်းအား ၀-၃ ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အသင်းအတွက် ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါသွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး လိဂ် ၁၆၈ ပွဲတွင် သွင်းဂိုး ၁၀၁ ဂိုးသွင်းယူနိုင်ခဲ့သည့် ကစားသမားဖြစ်လာခဲ့သည်။

ပိုလန်လက်ရွေးစင်တိုက်စစ်မှူး လီဝမ်ဒေါစကီးသည် ယခုနှစ်ဘောလုံးရာသီအစက ပွဲစဉ် ၁၀ မတိုင်မီ လိဂ် သွင်းဂိုး ၁၀၀ ပြည့်မြောက်လိုကြောင်း ထုတ်ဖော်ပြောကြားထားခဲ့ပြီး  ၀ုဖ်ဘတ်၊ မိန့်ဇ်အသင်းများနှင့် ပွဲစဉ်တွင် ၂ ပွဲပေါင်း သွင်းဂိုး ၇ ဂိုးအထိသွင်းယူနိုင်ခဲ့ခြင်းကြောင်း ယခုကဲ့သို့ လိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဘောလုံးရာသီက ဘိုင်ယန်မြူးအသင်းသို့ ရောက်ရှိလာခဲ့သည့် လီဝမ်ဒေါစကီးအနေဖြင့် အသင်းအတွက် ၃၇ ပွဲ ကစားပေးခဲ့ကာ ၂၇ ဂိုးအထိသွင်းယူထားနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

၂၀၁၀ ခုနှစ်တွင် ပိုလန်ကလပ် လက်ခ်ျပေါ့ဇ်နန်အသင်းမှ ဒေါ့မွန်အသင်းသို့  ပြောင်းရွှေ့ရောက်ရှိလာခဲ့သည့် တိုက်စစ်မှူးပိုဒေါစကီးသည် ဘွန်ဒက်စ်လီဂါကစားသမားဘ၀ ပထမဆုံးသွင်းဂိုးအား ၂၀၁၁-၁၂ ဘောလုံးရာသီတွင် နုရင်ဘတ်ကို ၂-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!