အာဆင်နယ်နောက်ခံလူ ဂါဘရီရယ် တစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေ ပေါင်တစ်သောင်း ချမှတ်ခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
485141740
ပရီးမီယားလိဂ်ပွဲစဉ်တစ်ပွဲတွင်တွေ့ရသည့် ဂါဘရီရယ်

အက်ဖ်အေတာဝန်ရှိသူများသည် အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်၏ အနီကတ်ပြစ်ဒဏ်အား ပယ်ဖျက်ပေးခဲ့သော်လည်း ချဲလ်ဆီးတိုက်စစ်မှူး ကော်စတာအပေါ် ကစားသမားမပီသသည့် အပြုအမူကျူးလွန်ခဲ့သဖြင့် တစ်ပွဲပယ်ပြစ်ဒဏ်နှင့်အတူ ဒဏ်ငွေပေါင်တစ်သောင်းပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

ဂါဘရီရယ်အနေဖြင့် အသင်းဖော်ကိုစီရယ်နီအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့် ချဲလ်ဆီးတိုက်စစ်မှူးကော်စတာအား ပြန်လည်တုံ့ပြန်ခဲ့သည့်အတွက် အက်ဖ်အေမှ ယခုကဲ့သို့ ပြစ်ဒဏ်များချမှတ်ခဲ့သည့်အပြင် ယင်းအပြုအမူမျိုး ထပ်မံပြုလုပ်ပါက ကြီးလေးသည့်ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း သတိပေးခံခဲ့ရသည်။

အက်ဖ်အေမှချမှတ်ခဲ့သည့် ပြစ်ဒဏ်အပေါ် ဂါဘရီရယ်က လက်ခံခဲ့ပြီး ပွဲပယ်ပြစ်ဒဏ်အတွက် စိတ်မကောင်းကြောင်း၊ ပရိသတ်များအတွက် အကောင်းဆုံးပုံစံဖြင့် ပြန်လည်ပွဲထွက်ကစားနိုင်ရန် ကြိုးစားနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဂါဘရီရယ်၏ အခြေအနေနှင့်ပတ်သက်၍ နည်ြး့ပအာစင်ဝင်းဂါးကလည်း ထောက်ခံမှုများပြုလုပ်ခဲ့ပြီး အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားခဲ့သည့် ကစားသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။

အစောပိုင်းကာလတွင် အာဆင်နယ်အသင်းအနေဖြင့် ဂါဘရီရယ်အပေါ် အက်ဖ်အေမှ ချမှတ်မည့် ပြစ်ဒဏ်အပေါ် အယူခံဝင်သွားမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ကြေညာခဲ့သော်လည်း လက်ရှိအချိန်အထိ အယူခံဝင်ခဲ့ခြင်းမရှိခဲ့ပေ။

comments

error: Content is protected !!