လီဗာပူးနည်းပြအဖြစ်ဆက်ရှိရန် လာမည့် ၃ ပွဲရလဒ်က ရော့ဂျာအတွက် အဓိကဖြစ်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489684918
ကာလစ်လီနှင့်ပွဲစဉ်တွင်တွေ့ရသည့် ရော့ဂျာ

လီဗာပူးနည်းပြဂျော့ရာမှာ ယခုအချိန်တွင် အသင်းပိုင်ရှင်များ၏ ထောက်ခံချက်ရရှိထားသော်လည်း အနာဂတ်နှင့်ပတ်သက်၍ လာမည့် ၃ ပွဲဖြစ်သော ဗီလာ၊ အဲဗာတန်ပွဲအပါအ၀င် ယူရိုပါလိဂ်ပြိုင်ပွဲအဖြစ်ကစားရမည့် ဆွစ်ဇာလန်ကလပ် ဆီယွန်အသင်းနှင့် ပွဲရလဒ်အပေါ်
မူတည်ဆုံးဖြတ်ခံရမည်ဖြစ်ကြောင်း Independent သတင်းစာမှ ဖော်ပြခဲ့သည်။

အသက် ၄၂ နှစ်ရှိရော့ဂျာမှာ စနေနေ့တွင်ကစားမည့် ဗီလာအသင်းနှင့်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေပြီး ဗုဒ္ဓဟူးနေ့က ကစားခဲ့သော ဒုတိယတန်းကလပ် ကာလစ်လီနှင့်ပွဲစဉ်ကဲ့သို့ ခက်ခဲမှုမရှိစေရန်ကြိုးပမ်းနေကြောင်းသိရသည်။

လီဗာပူးအသင်းပိုင်ရှင်များဖြစ်သော Fenway Sports Group သည် လက်ရှိအချိန်တွင် ရော့ဂျာကိုထောက်ခံထားသော်လည်း ၎င်းတို့ခေါ်ယူလိုသည့်နည်းပြထွက်ပေါ်လာချိန်တွင် ဟော့ဆန်၊ ကန်နီဒဲဂလစ်ရှ်တို့ကဲ့သို့ အလျင်အမြန်ထုတ်ပယ်ခြင်းခံရနိုင်ကြောင်း သိရသည်။ ရော့ဂျာအနေဖြင့် အောင်မြင်မှုများနှင့်ဝေးကွာနေသော လီဗာပူးအတွက် ရလဒ်ကောင်းများပြန်လည်ပိုင်ဆိုင်နိုင်ရေးကြိုးပမ်းရန်လိုအပ်နေပြီး ထိုမှသာ အသင်းနည်းပြရာထူးဆက်လက်တည်မြဲမည်ဖြစ်သည်။

ယခုအချိန်ထိ လီဗာပူးဘက်မှာ အခြားမည့်သည့်နည်းပြကိုမှ ကမ်းလှမ်းထားခြင်းမရှိကြောင်း ငြင်းပယ်ထားသော်လည်း ရော့ဂျာထုတ်ပယ်ခြင်းခံရမည်ဆိုပါက အန်စလော့တီမှာ လီဗာပူးနည်းပြဖြစ်နိုင်ကြောင်း သတင်းများကဖော်ပြထားပြီး ယခုအချိန်တွင် အဆိုပါနည်းပြမှာ ရေရှည်ခံစားခဲ့ရသည့် နောက်ကျောဝေဒနာခွဲစိတ်ကုသမှုခံယူထားရသောကြောင့် လာမည့်လအနည်းငယ်အတွင်း လီဗာပူးနည်းပြဖြစ်ရန်မသေချာသေးကြောင်း သိရသည်။

ဒေါ့မွန်အသင်းနည်းပြဟောင်း ယာဂင်ကလော့ပ်မှာမူ လီဗာပူးနည်းပြနေရာရယူရန် အရိပ်အမြွက်ပြောကြားထားသောကြောင့် ရော့ဂျာထုတ်ပယ်ခံရပါက အဆိုပါနည်းပြရောက်ရှိလာရန်ပိုမိုနီးစပ်နေသည်။

comments

error: Content is protected !!