အာဆင်နယ်၏ (၁၁)နှစ်ကြာ အမှတ်ပေးချန်ပီယံဖလား လက်မဲ့ဖြစ်ခြင်းကို အံအားသင့်မိဟု ရာနီရေးနီပြော

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
GettyImages-481396694
လက်စတာနှင့် အာဆင်နယ်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ရာနီရေးနီပြောကြားနေစဉ်

အာဆင်နယ်အသင်းအနေဖြင့်(၁၁)နှစ်ကြာမြင့်သည်အထိအမှတ်ပေးချန်ပီယံဆုနှင့်ကင်းကွာနေခြင်းအပေါ်အံအားသင့်မိသည် ဟုလက်စတာအသင်းနည်းပြရာနီရေးနီက ၀န်ခံပြောကြားလိုက်သည်။

ရာနီရေးနီသည် ချဲလ်ဆီးအသင်းတွင် ၂၀၀၀ခုနှစ်မှ ၂၀၀၄ခုနှစ်ထိနည်းပြခဲ့သူဖြစ်ကာ အာဆင်နယ်အသင်းမှ ၂၀၀၃-၀၄ ပရီးမီးယား လိဂ်ပြိုင်ပွဲတွင် ရှုံးပွဲမရှိစံချိန်ဖြင့်အမှတ်ပေးချန်ပီယံဆုရယူပြီး ယင်းနောက်ပိုင်းတွင်အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းမရှိတော့ဘဲရာနီရေးနီမှာလည်းယခုနှစ်ဘောလုံးရာသီတွင်မှပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းသို့ ပြန်လည်ရောက်ရှိ လာပြီးယခုတစ်ပတ်နှစ်သင်းထိပ်တိုက်မရင်ဆိုင်မီယင်းသို့ ပြောကြား လိုက်ခြင်းဖြစ်သည်။

“ကျွန်တော်ချဲလ်ဆီးမှာရှိတုန်းက အာဆင်နယ်အသင်းဟာ ရှုံးပွဲမရှိစံချိန်နဲ့ အမှတ်ပေးချန်ပီယံဖြစ်ခဲ့တယ်။ ဒါဟာ မယုံနိုင်လောက်အောင်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုပါ။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာ သူတို့ဟာချန်ပီယံဆုနဲ့ ကင်းကွာသွားခဲ့တယ်။ ဒီ့အပေါ်ကို ကျွန်တော်အရမ်းအံအားသင့်မိတယ်။ ကျွန်တော်ချဲလ်ဆီးမှာနည်းပြတုန်းက အာဆင်နယ်နဲ့ (၁၄)ကြိမ်တွေ့ခဲ့ပေမယ့်(၁)ပွဲပဲနိုင်ခဲ့ဖူးတယ်။ ဒါဟာတကယ်ကိုဆိုးရွားတဲ့ မှတ်တမ်းတစ်ခုဆိုပေ မယ့်ပွဲတိုင်း က ပွဲကောင်းတစ်ခုဖြစ်ခဲ့တယ်။ ဒါပေမဲ့ အာဆင်နယ်ဟာနှစ်ပေါင်းများစွာ အမှတ်ပေးချန်ပီယံဆုနဲ့ ဘာကြောင့် ကင်းကွာနေလဲဆိုတာတော့ ကျွန်တော်နားမလည်နိုင်အောင်ပါပဲ။ ၀င်းဂါးဟာ နည်းပြကောင်း တစ် ယောက်ပါ။ ကစားသမားကောင်းတွေခေါ်ခဲ့နိုင်ပေမယ့် အွန်နရီ၊ ယွန်းဘတ်၊ ဘားကမ့်နဲ့ နောက်တန်းခံစစ်မှု ကောင်းတွေကို သူအစားထိုးပြန်မဖြည့်နိုင်ခဲ့ဘူး”ဟု ရာနီရေးနီက ပြောလိုက်သည်။

ထို့အပြင်၎င်းက ယခုတစ်ပတ်စနေနေ့တွင် အာဆင်နယ်အားအနိုင်ကစားနိုင်ရန် မိမိတို့အနေဖြင့် အမှားအယွင်း မရှိ အောင်ကစားရန်လိုကြောင်း၊ ယင်းအသင်းသားများအနေဖြင့် အမှတ်ပေးချန်ပီယံဆုအတွက် တိုက်ပွဲဝင်ရန် လျင်မြန်မှု၊နည်းစနစ်ပိုင်းကအစကောင်းမွန်နေသည်ဟု မိမိမြင်မိကြောင်းပြောခဲ့သည်။

Claudio Ranieri only defeated Arsene Wenger once during his spell as Chelsea boss

ရာနီရေးနီမှာဝင်းဂါး၏အာဆင်နယ်အားတစ်ကြိမ်သာအနိုင်ရခဲ့။

ချဲလ်ဆီးတွင် ရာနီရေးနီနည်းပြစဉ် အာစင်ဝင်းဂါး၏ အာဆင်နယ်အသင်းနှင့်တွေ့ဆုံမှု(၁၄)ကြိမ်

၁၃-၁-၂၀၀၁ အာဆင်နယ် ၁-၁ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

၁၈-၂-၂၀၀၁ အာဆင်နယ် ၃-၁ ချဲလ်ဆီး(အက်ဖ်အေ)

(၈-၉-၂၀၀၁) ချဲလ်ဆီး ၁-၁ အာဆင်နယ်(ပရီးမီးယားလိဂ်)

(၂၆-၁၂-၂၀၀၁) အာဆင်နယ် ၂-၁ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

(၄-၅-၂၀၀၂) ချဲလ်ဆီး ၁-၁ အာဆင်နယ် (ပရီးမီးယားလိဂ်)

(၁-၉-၂၀၀၂) ချဲလ်ဆီး ၁-၁ အာဆင်နယ် (ပရီးမီးယားလိဂ်)

(၁-၁-၂၀၀၃) အာဆင်နယ် ၃-၂ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

(၈-၃-၂၀၀၃)အာဆင်နယ် ၂-၂ ချဲလ်ဆီး(အက်ဖ်အေ)

(၂၅-၃-၂၀၀၃) ချဲလ်ဆီး ၁-၃ အာဆင်နယ်(အက်ဖ်အေ)

(၁၈-၁၀-၂၀၀၃) အာဆင်နယ် ၂-၁ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

(၁၅-၂-၂၀၀၄) အာဆင်နယ် ၂-၁ ချဲလ်ဆီး(အက်ဖ်အေ)

(၂၁-၂-၂၀၀၄)ချဲလ်ဆီး ၁-၂ အာဆင်နယ်(ပရီးမီးယားလိဂ်

(၂၄-၃-၂၀၀၄) ချဲလ်ဆီး ၁-၁- အာဆင်နယ်(ချန်ပီယံလိဂ်)

(၆-၄-၂၀၀၄) အာဆင်နယ် ၁-၂ ချဲလ်ဆီး(ချန်ပီယံလိဂ်)

comments

error: Content is protected !!