၂၀၂၂ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲအား နိုဝင်ဘာတတိယပတ်အတွင်း ကျင်းပမည်
|
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများအနေဖြင့်ကာတာနိုင်ငံက လက်ခံကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား နိုဝင်ဘာတတိယပတ်အတွင်းကျင်းပရန်အတွက် ဖီဖာကွန်ဖရင့်တွင် အတည်ပြုဆုံးဖြတ်မည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများမှဖော်ပြခဲ့ကြသည်။
ဖီဖာတာဝန်ရှိသူများသည် ဇူးရစ်မြို့တွင်ကျင်းပမည့် အဆိုပါကွန်ဖရင့်၌ ၎င်းဆုံးဖြတ်ချက်အားအတည်ပြုရန် စီစဉ်ခဲ့သော်လည်း ဥက္ကဋ္ဌဖြစ်သူ ဆပ်ဘလတ္တာတက်ရောက်ခဲ့ခြင်းမရှိသဖြင့် အပြီးသတ်အတည်မပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။
အိမ်ရှင်ကာတာနိုင်ငံ၏ ရာသီဥတုအခြေအနေအရ ပုံမှန်ကျင်းပလေ့ရှိသည့် ဇွန်လအစား နိုဝင်ဘာလသို့ပြောင်းလဲကျင်းပရန် အတည်ပြုခဲ့ခြင်းအပေါ် ဝေဖန်မှုများမြင့်တက်နေသော်လည်း ဖီဖာတာဝန်ရှိသူများကမူ နိုဝင်ဘာလအတွင်း ကျင်းပရန်သာ အတည်ပြုဆုံးဖြတ်ခဲ့သည်။
မီဒီယာများ၏ဖော်ပြချက်တွင် ၂၀၂၂ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်များကို နိုဝင်ဘာ ၂၁နှင့် ၂၈ ရက်ကြားတွင် စတင်ကျင်းပဖွယ်ရှိနေပြီး နောက်ဆုံးဗိုလ်လုပွဲကိုမူ ကာတာနိုင်ငံအမျိုးသားနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၈ရက်တွင် ကျင်းပဖွယ်ရှိကြောင်းသိရသည်။
Next : စပါးနှင့်ပွဲတွင် မန်စီးတီးအသင်းခေါင်းဆောင်ကွန်ပနီ ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်လည်ပွဲထွက်မည်