ရိုမားကွင်းလယ်လူ ပီဂျာနစ်အား ခေါ်ယူရန် အက်သလက်တီကို ပြင်ဆင်နေ
|
စပိန်လာလီဂါကလပ်အက်သလက်တီကိုအသင်းသည် လာမည့်ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ရိုးမားကွင်းလယ်ကစားသမား ပီဂျာနစ်အား စိတ်ဝင်စားလျက်ရှိပြီး အပြီးသတ်ခေါ်ယူနိုင်ရန်ပြင်ဆင်လျက်ရှိကြောင်း နည်းပြဆီမြွန်နီက အတည်ပြုပြောကြားခဲ့သည်။
ဘော့စနီးယားကွင်းလယ်ကစားသမားဖြစ်သူ ပီဂျာနစ်သည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီတွင် ရိုးမားအသင်းနှင့်အတူခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ဥရောပထိပ်သီးအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကိုခံနေရသူဖြစ်သည်။ အက်သလက်တီကိုအသင်းအနေဖြင့် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့သွားခဲ့သည့် ကွင်းလယ်ကစားသမား အာဒန်တူရန်၏နေရာတွင် ပီဂျာနစ်အား အစားထိုးရန်စိတ်ဝင်စားနေခြင်းဖြစ်သည်။
အက်သလက်တီကိုနည်းပြဆီမြွန်နီက ပီဂျာနစ်အားခေါ်ယူရန် စိတ်ဝင်စားကြောင်း၊ လိုအပ်နေသည့် ကွင်းလယ်ကစားသမားနေရာအတွက် ပီဂျာနစ်ဖြင့် ပြန်လည်အစားထိုးလိုကြောင်း စပိန်မီဒီယာတစ်ခုဖြစ်သည့် AS.com နှင့်အင်တာဗျူးအစီအစဉ်တွင် ဖွင့်ဟပြောကြားခဲ့သည်။
ဥရောပထိပ်သီးအသင်းများဖြစ်သည့် ဂျူဗင်တပ်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်၊ စပါး၊ မန်စီးတီးအသင်းများ၏ စိတ်ဝင်စားခြင်းခံနေရသည့် ကွင်းလယ်လူပီဂျာနစ်သည် ရိုးမားအသင်းနှင့် ၂၀၁၈ အထိစာချုပ်သက်တမ်းရှိနေသူဖြစ်သည်။ အီတလီမီဒီယာများ၏ ဖော်ပြချက်တွင်အရ ရိုးမားအသင်းမှာ ပီဂျာနစ်၏ အပြောင်းအရွှေ့အတွက် ယူရို ၃၃ သန်း ခန့်အလိုရှိနေကြောင်း သိရသည်။
Next : နည်းပြ ဂါစီယာနေရာ အန်စလော့တီနှင့် အစားထိုးရန် ရိုးမားဥက္ကဋ္ဌ ဆန္ဒရှိနေ