မြန်မာ ယူ-၁၉ အသင်း အုပ်စုအဖွင့်ပွဲစဉ်ကို ပရိသတ်မပါဘဲ ယှဉ်ပြိုင်ရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
mm fans
ယူအေအီးအား သန်းပိုင်၏ဂိုးဖြင့်အနိုင်ရပြီးနောက် ကွင်းအတွင်းသို့ ပရိသတ်များဝင်ရောက်အောင်ပွဲခံနေစဉ်။

ရန်ကုန်၊စက်တင်ဘာ ၂၅။

အောင်သော်ဖြိုး။

မြန်မာ ယူ-၁၉ အသင်းသည် အာရှဘောလုံအဖွဲ့ချုပ်မှ ပြစ်ဒဏ်ချမှတ်မှုကြောင့် လာမည့် အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စုပွဲစဉ်တစ်ပွဲဖြစ်သည့်  ဘရူနိုင်းနှင့် ပွဲစဉ်တွင် အိမ်ကွင်းပရိသတ်မပါဘဲ ကစားရမည်ဖြစ်ကြောင်း မြန်မာယူ-၁၉ အသင်းမီဒီယာတာဝန်ခံဦးရဲမင်းဝင်းကဆိုသည်။

၂ဝ၁၄ အာရှ ယူ-၁၉ ပြိုင်ပွဲတွင် ယူအေအီးနှင့်ပွဲစဉ်၌ ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်အောင်ပွဲ ခံခဲ့သည့် ဖြစ်စဉ်ကို အာရှ ဘောလုံးအဖွဲ့ချုပ် မှ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ဒဏ်ငွေနှင့် အိမ်ကွင်း တစ်ပွဲပရိသတ်မ ပါဘဲ ကစားရန် ပြစ်ဒဏ်ချမှတ်ထားခြင်းဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် ခြေစစ်ပွဲအောင်ရန် အဓိက ထားပြင်ဆင်နေပြီး အသင်း၏ အားနည်းချက်များကို အချိန်မှီပြင်ဆင်နိုင်မည်ဟု ယုံကြည်ကြောင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ် က ဆိုသည်။

မြန်မာယူ-၁၉ အသင်းကို ပဏာမ ကစားသမား ၂၃ဦးဖြင့် လေ့ကျင့်လျက်ရှိပြီး လေ့ကျင့်ရေးအစီအစဉ်တခုတွင်အသင်းမှ အဓိက ကစားသမားဖြစ်သည့် ရဲရင့်အောင် ခြေကျင်းဝတ်ဒဏ်ရာ နှင့်  စိုးမိုးထွန်း လက်ဖျံရိုးကျိုးသည့် ဒဏ်ရာများ ရရှိသွားသော်လည်းတာဝန်ရှိသူများမှ အကောင်းဆုံး ကုသပေးနေပြီး ပြိုင်ပွဲအမှီ ပါဝင်နိုင်ဖွယ်ရှိ သည်ဟု ယူ-၁၉ အသင်းထံမှ သိရသည်။

မြန်မာ ယူ-၁၉ အသင်းသည် စက်တင်ဘာ ၃ဝရက်နေ့ တွင် ဘရူနိုင်း၊ အောက်တိုဘာ ၂ရက် အရှေ့တီမော၊ ၄ရက်နေ့ တွင် ဟောင်ကောင်၊ အောက်တိုဘာ ၄ရက်နေ့တွင် ဗီယက်နမ်အသင်းတို့နှင့်  ယှဉ်ပြိုင်မည်ပြီးMRTV Entertainment ရုပ်သံလိုင်းမှ တိုက်ရိုက်ပြသမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထုတ်ပြန်သည်။

comments

error: Content is protected !!