ဆောက်သမ်တန်နှင့်ပွဲအပေါ် စိုးရိမ်ပူပန်မှုမရှိကြောင်း ဆွမ်ဆီးနည်းပြ ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488609882
လေ့ကျင့်ရေးကွင်းမှ ဂယ်ရီမန့်ခ်

ယခုတစ်ပတ်စနေနေ့တွင် ဆောက်သမ်တန်အိမ်ကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည့်အပေါ် အသင်းခြေစွမ်းနှင့်ပတ်သက်၍ စိုးရိမ်မှုမရှိကြောင်း ဆွမ်ဆီးနည်းပြဂယ်ရီမန့်ခ်က ပြောကြားသွားခဲ့သည်။

ဆွမ်ဆီးအသင်းမှာ Capital One ဖလားပြိုင်ပွဲတွင် ချန်ပီယံရှစ်ကလပ် ဟူးလ်စီးတီးအသင်းကိုအရေးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခဲ့ရသည့်အပြင် နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲဆက်သွင်းဂိုးမရှိဘဲ နိုင်ပွဲပျောက်ခဲ့ရသည်။

အသင်းခြေစွမ်းနှင့်ပတ်သက်၍ နည်းပြဂယ်ရီမန့်ခ်က ”အခက်အခဲတွေကြုံလာရင် အကောင်းဆုံးတုံ့ပြန်ဖို့ ကျွန်တော်တို့အမြဲတမ်းပြင်ဆင်ထားပါတယ်။ ဒါက ဘောလုံးလောကရဲ့သဘောသဘာဝတစ်ခုပါပဲ။ ဘာအကြောင်းကြောင့်မှ စိတ်ပူစရာမရှိပါဘူး”ဟု ပြောကြားခဲ့သည်။

ဂယ်ရီမန့်ခ်က ယခုလ ၁၂ ရက်နေ့တွင် ကစားခဲ့သော ၀က်ဖို့ဒ်အသင်းနှင့်ပွဲတွင် ၁-၀ ဂိုးဖြင့်အရေးနိမ့်ခဲ့ရခြင်းအပေါ် စိတ်ပျက်မိကြောင်းပြောကြားခဲ့သော်လည်း အဲဗာတန်အသင်းကို ၀-၀ ဖြင့်ကစားနိုင်ခဲ့သည့်ပွဲမှ အသင်းခြေစွမ်းကိုကျေနပ်ကြောင်း ဆိုခဲ့သည်။

၎င်းက “၀က်ဖို့ဒ်နဲ့ပွဲကလွဲရင် တခြားပွဲတွေမှာ ကျွန်တော်တို့ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပါတယ်။ ဟူးလ်စီးတီးနဲ့ပွဲတုန်းကလည်း ကျွန်တော်တို့အသင်း ခြေစွမ်းကောင်းခဲ့လို့ အနိုင်ရခဲ့သင့်တယ်လိုထင်တယ်။ အားလုံးခြုံကြည့်ရင်တော့ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ပြသနိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့အသင်းဟာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၁ ပွဲပဲရှိတဲ့အသင်းဆိုတာကိုတော့ မေ့မထားကြပါနဲ့” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!